ဝေဖန်ပြစ်တင်မှုတွေရှိနေခဲ့ပေမယ့် အမေရိကန်ဟာ ကာတာက လက်ဆောင်ပေးတဲ့ လေယာဉ်ကြီးကို လက်ခံ
********************************
(နိုင်ငံတကာ) မေလ ၂၂
အမေရိကန်ဟာ ဝေဖန်ပြစ်တင်မှုတွေရှိနေခဲ့ပေမယ့် ကာတာက လက်ဆောင်ပေးတဲ့ လေယာဉ်ကြီးကို လက်ခံလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Air Force One ယာဉ်စုအတွက် အသုံးပြုဖို့ ရည်ရွယ်ထားပြီး တန်ဖိုးကြီးလက်ဆောင်တစ်ခုကို လက်ခံရယူတာဟာ သတ်မှတ်စည်းကမ်းတွေနဲ့ မညီညွှတ်ဘူးလို့ ဝေဖန်ခံနေရတာတွေ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
ဝေဖန်ပြစ်တင်မှုတွေရှိနေခဲ့ပေမယ့်လည်း ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Sean Parnell က မနေ့ကပဲ “ဖက်ဒရယ်စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ကာတာကနေ ဘိုးအင်း ၇၄၇ တစ်စီးကို လက်ခံလိုက်ပါပြီ”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ လေယာဉ်ကို ပြန်လည်ပြုပြင်မွမ်းမံပြီး ဒေါ်နယ်ထရမ့်ရဲ့ တရားဝင်လေကြောင်းပို့ဆောင်ရေးပုံစံဖြစ်တဲ့ Air Force One ရဲ့ အစိတ်အပိုင်းအဖြစ် အသုံးပြုသွားမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။
