အရာရာဆန့်ကျင်ဘက် ဖြစ်နေကြတဲ့သူ နှစ်ယောက်ဟာ ဘယ်တော့မှ ဆုံဖြစ်ကြမှာမဟုတ်ဘူး ။ လက်ဖဝါးနဲ့ လက်ဖမိုးဟာ နီးနေလျက်က ဝေးနေရသလိုမျိုးပေါ့ ။ သူတို့နေရာက ကြည့်ရင်မှန်ပေမယ့် လက်ဖဝါးဟာလက်ဖမိုးဖြစ်ဖို့ ဘယ်တော့မှ ကြိုးစားလာမှာ မဟုတ်ဘူး ။
ဒီထဲက ဇာတ်ကောင် နှစ်ယောက်ဟာ ဆန့်ကျင်ဘက်တွေပဲ ။ တင်ဇေယျက အသန့်အပြန့်ကြိုက်တယ် ။နေရာတကာ စည်းစနစ်ကျတယ် ။ ဘာလုပ်လုပ် တိကျပြတ်သားလွန်းလို့ လူတိုင်းက အမြင်ကပ်ရတဲ့အထိပဲ ။
သူကိုယ်တိုင်ကလည်း အဲ့လိုပဲ နေတတ်တယ် ။
အသန့်ကြိုက်လွန်းလို့ အိမ်ထဲမှာ ကိုယ့်ဘာသာ သီးသန့်အိုးစားခွဲချက်စားတဲ့အထိပဲ ။
ရှင်ညိုကတော့ ပေါ့ပါးပြီး သွက်လက်တဲ့ မိန်းကလေး ဖြစ်တယ် ။ အမြဲတမ်း ပြာယာခတ်နေတတ်ပြီး ဘယ်အချိန်ဖြစ်ဖြစ် ဗြုတ်စဗျင်းတောင်းနဲ့ပေါ့ ။ အဲ့လို ဆန့်ကျင်နေတဲ့ နှစ်ယောက်က ကံကြမ္မာအပြောင်းအလဲ ကြောင့် ရင်းနှီးခဲ့ရပြီး ချစ်သူတွေ ဖြစ်ခဲ့ရပေမယ့်
တင်ဇေယျက ရှင်ညို့ကို ခဏခဏ စိတ်ပျက်မိတတ်တယ် ။ အသန့်ကြိုက်လွန်းတဲ့သူက အမြဲတမ်း ဖြစ်ကတတ်ဆန်းနေတတ်တဲ့ ရှင်ညို့ကိုလည်း သူ့လိုဖြစ်လာဖို့ အမြဲ ဖိအားပေးပြီး ပြောင်းလဲစေတယ် ။
သူ့ကို ချစ်ရင် သူ နေစေချင်သလို နေပေးရမယ်ဆိုတဲ့ ပုံစံမျိုးအထိ အာဏပြချင်လာတယ် ။
ဒီလို ခဏခဏ ကတောက်ကဆတွေကြောင့် သူတို့ချစ်သူဘဝက အပြည့်အဝတော့လည်း ပျော်ရွှင်ခဲ့ရတာမျိုးဘယ်ဟုတ်တော့မလဲ ။ ဒါဟာ တကယ်အချစ်မှဟုတ်ရဲ့လား ။ ချစ်မိသွားကြတဲ့အခါ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က နားလည်သည်းခံပေးရမယ်လို့ ရှင်ညိုက လက်ခံထားပေမယ့် တင်ဇေယျက လက်မခံနိုင်ဘူး ။ ဒါပေမယ့် ရှင်ညိုက သူ့ခံယူချက် နဲ့ သူ တင်ဇေယျအပေါ် ချစ်တဲ့စိတ်က ပိုကြီးတော့
တင်ဇေယျ မသိအောင် တိတ်တခိုးပြောင်းလဲဖို့ ကြိုးစားလာတယ် ။
“ မောင်နဲ့ လက်ထပ်ခွင့်ကို အရူးအမူး မျှော်လင့်ခဲ့တဲ့အကြောင်း မောင့်ကို ပြောမပြချင်ဘူး ” ဒီအကြောင်းတွေမောင့်ကို ပြောမပြချင်ဘူး ။ မောင့်ကို ပြောမပြချင်တဲ့အကြောင်းတွေ မောင် သိပါ့မလား ။ ရှင်ညိုရဲ့ပြောင်းလဲလာပုံကို လက်ခံမလား ။ သူတို့ ဘယ်လို အဆုံးသတ်ကို ရွေးချယ်သွားကြလဲဆိုတာကို အသည်းတယားယားနဲ့ တစ်ယောက်ယောက်အပေါ် ဒေါသဖြစ်မိသလိုလို ခံစားချက်နဲ့ ဖတ်ရမှာပါ ။
ကိုယ်က ချစ်တယ်ဆိုပြီး ကိုယ့်အချစ်က သူ့ကို ဖိအားတွေ ၊ စိတ်ညစ်စရာတွေ သိမ်ငယ်စရာတွေချည်း ပေးနေသလိုဖြစ်သွားရင် ဘယ်လောက် ခိုင်မြဲတဲ့ကြိုးတွေဖြစ်ဖြစ် ပြတ်တောက်သွားတတ်ပါတယ် ။ လူတိုင်း
ပြီးပြည့်စုံနေတာမျိုးမှမရှိပဲ ချစ်ရင် နားလည်ပေးရမှာပေါ့ ။ အရာရာကို လက်ခံပေးနိုင်မှ တကယ်ပျော်စရာကောင်းတဲ့ နှစ်ယောက်တစ်ဘဝကို ထူထောင်လို့ရမှာပါ။
ကိုယ့်ဘက်က ချစ်တာချည်းမဟုတ်ဘဲ သူ့ဘက်က အချစ်ကိုလည်း မြင်တတ်ဖို့ လိုသေးတယ် ။
ကိုယ်က အတင်းတောင်းဆိုနေချိန် သူကရော ကိုယ့်ဆီက ကိုယ် မလုပ်ချင်တာကို အတင်းလုပ်ဖို့ ဖိအားပေးခံရရင် အဆင်မပြေနိုင်ဘူးလေနော် ။ ဒီတော့ ချစ်တယ်ဆိုတိုင်း အတ္တမကြီးကြဖို့နဲ့ ဒီစာအုပ်ကလေးကို ဖတ်ဖို့ ပြောချင်ပါတယ် ။
နူးညံ့တယ် ၊ သိမ်မွေ့တယ် ၊ ရယ်ရတယ် ၊ တစ်ခါတလေ လှိုင်းဂယက်အသေးစားလေးတွေ ပါတယ် ။ မုန်တိုင်းတွေ ပါတယ် ။ နာကြည်းစရာတွေ ပါတယ် ။ အားမလိုအားမရတွေ ပါတယ် ။ နောက်ပြီးတော့ ဖုံးကွယ်နေတဲ့ ချစ်ခြင်းတရားတွေရောပေါ့ ။
#မောင့်ကိုပြောမပြချင်ဘူး
#ပုညခင်
#bymay

image