ညဘက် အိပ်ရာဝင်တဲ့အခါ အေးအေးချမ်းချမ်းနဲ့ အိပ်ပျော်သွားသလား ၊ ဒါမှမဟုတ် စိတ်ထဲမှာ မရေရာမှုတွေ ၊ ရှုပ်ထွေးမှုတွေအပြည့်နဲ့ ခေါင်းအုံးပေါ် ခေါင်းချထားရသလား ။ လူအများစုက နောက်က အချက်ကို သဘောတူကြပါလိမ့်မယ် ။ အိမ်က အမှိုက်တွေ ပြည့်နေရုံမက စိတ်တွေမှာလည်း အမှိုက်တွေ အပြည့် ရှိနေကြပါတယ် ။ သာမန်ဦးနှောက်က စဉ်းစားတာ ၊ စိုးရိမ်တာနဲ့ ဖြစ်လာမယ့်အရာတွေနဲ့ ပတ်သက်ပြီး ကြောင့်ကြနေရင်း အမြဲတမ်း ဇယ်ဆက်သလို လုပ်ဆောင်နေရပါတယ် ။ အတွေးတွေက အပြုသဘောဆောင်ပြီး အသုံးကျနေသရွေ့တော့ စဉ်းစားတွေးတောတာက ဘာပြဿနာမှ မရှိပါဘူး ။ ကံမကောင်းစွာနဲ့ပဲ လူအများစုအတွက်တော့ အဲဒီလို ဖြစ်မနေပါဘူး ။
စကြဝဠာကြီးက ဥပဒေသတွေနဲ့ ဖွဲ့စည်းထားပြီး အဲဒီဥပဒေသတွေကို ကျွန်မတို့ ဘာမှ မပြောင်းလဲနိုင်ပါဘူး ။ ကျွန်မတို့က အဲဒီဥပဒေသတွေနဲ့ ရှင်သန်နေထိုင်ဖို့ ရွေးချယ်ရင် သူတို့က ကျွန်မတို့အတွက် အလုပ်လုပ်ပါလိမ့်မယ် ။
မရွေးချယ်ရင်တော့ ဆန့်ကျင်ပြီး အလုပ်လုပ်ပါလိမ့်မယ် ။ လက်တွေ့က ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ ကျွန်မတို့ရဲ့ လက်ရှိ ဘဝအခြေအနေက ကျွန်မတို့ စဉ်းစားတွေးတောတဲ့အတိုင်းကြောင့် ဖြစ်ပါတယ် ။ ကိုယ့်ရဲ့ လက်တွေ့ဘဝကို ကိုယ့်ရဲ့ စိတ်အခြေအနေက ဖန်တီးတာပါ
ခံစားမှုတွေကို အတွေးတွေက သတ်မှတ်တယ်ဆိုတာက အမှန်တရားဖြစ်တဲ့အခါ ခံစားမှုတွေကို အခြေအနေတွေက သတ်မှတ်တယ်ဆိုတာကို လူ့အဖွဲ့အစည်းက ကျွန်မတို့ကို သင်ကြားပြသပေးတယ် ။ ငွေကြေးကနေ ကျန်းမာရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတွေအထိ ဘဝရဲ့ နယ်ပယ်အသီးသီးက ကျွန်တော်တို့ အတွေးတွေနဲ့ ကျွန်မတို့ရဲ့ အလုံးစုံ ယုံကြည်မှုစနစ်ရဲ့ တိုက်ရိုက် အကျိုးရလဒ် ဖြစ်တယ် ။ ဒီလက်တွေ့သဘောကို မပြောင်းလဲနိုင်တဲ့အတွက် တစ်ခုတည်းသော လုပ်နိုင်တဲ့အရာက လက်ခံလိုက်ပြီး အတွေးတွေက ကျွန်မတို့အပေါ် အထိန်းချုပ်မခံဘဲ အတွေးတွေအပေါ် စိုးမိုးမှု ရယူနိုင်အောင် ဆုံးဖြတ်ချက်ချဖို့ပါပဲ ။ အဲဒီတော့မှ ဘဝကို ပြောင်းလဲနိုင်ပြီး ကိုယ်လိုချင်တာတွေကို ဆွဲငင်နိုင်မှာပါ။
အတွေးတွေမှာ ကန့်သတ်ချက်ဘောင်တွေ မရှိပါဘူး ။ ဘယ်လိုတွေးသင့်တယ်ဆိုတာ ဘယ်သူကမှ ပြဋ္ဌာန်းမထားပါဘူး ။ ကိုယ်တိုင်ကပဲ အခြေအနေကို ထိန်းချုပ်ရမှာပါ ။ ကိုယ်ကိုယ်တိုင်ကလွဲပြီး တခြားဘယ်သူကမှ ကိုယ့်စိတ်ထဲ မဝင်နိုင်ပါဘူး ။ တကယ်တော့ စိတ်ဆိုတာ ကျွန်မတို့ ပိုင်ဆိုင်တဲ့ စွမ်းအင်အရှိဆုံး ပိုင်ဆိုင်မှုပါပဲ ။ ဒီလက်တွေ့သဘောကို အသုံးချနိုင်သွားတာနဲ့ မရပ်မနား ဖြစ်လာပါလိမ့်မယ် ။
ဒီစာအုပ်ထဲမှာ (ကိုယ့်ရဲ့နေ့စဉ်ဘ၀မှာ) ထင်ထားတာထက် ပိုများပြားတဲ့ အမှိုက်တွေ ၊ (မလိုအပ်တဲ့အရာတွေ) ရှိတယ်ဆိုတာကို လေ့လာဖတ်ရှုရမှာ ဖြစ်ပါတယ် ။ နေအိမ်ထဲက အမှိုက်တွေကို ဘယ်လိုရှင်းမလဲဆိုတာတင်မကဘဲ ပေါင်းသင်းဆက်ဆံရေးတွေ ၊ စိတ်ခံစားမှုတွေနဲ့ နောက်ထပ် အရာတွေများစွာထဲကအမှိုက်တွေကို ဘယ်လိုရှင်းပစ်ရမလဲဆိုတာအထိ ပါဝင်ပါတယ် ။
Olivia Telford ရဲ့ “The Art of Minimalism” စာအုပ်ကို ဘာသာပြန်ထားတဲ့ ဒီစာအုပ်ဟာ ဘဝမှာ ရိုးရှင်းမှု ၊ ရောင့်ရဲမှုတို့နဲ့ ရှင်သန်နေထိုင်တာဟာ ဘယ်လောက်တောင် ခွန်အားတွေဖြစ်စေသလဲဆိုတာကို ပြသပေးတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
#ထက်ထက်တင်ဇာ #ရောင့်ရဲခြင်းအနုပညာ
