Haun-ter (2013)
လီဆာ ဂျွန်ဆန် ရဲ့နေ့ရက်တွေက ထူးဆန်းနေတယ်။ သူတိုပြောင်းလာတဲ့ ဒီအိမ်ကြီးမှာ နေ့ရက်တိုင်း၊ နေ့ရက်တိုင်းက သူမရဲ့ အသက် ၁၆ နှစ်မပြည့်ခင် တရက်ကိုပဲ အမြဲသံသရာလည်နေသလို အပြင်ထွက်သွားလိုလည်း မရဘူး။ မိုးလင်းရင် မောင်ဖြစ်သူက လှမ်းနှိး၊ အဝတ်လျှော်ဖိုလုပ်၊ မနက်စာ ပန်ကိတ်တွေစား၊ ညဘက်ဆို တီဗီက ဇာတ်လမ်းကို တမိသားစုလုံး ကြည့်ကြ—ဒါမျိုးကိုပဲ တနေ့ပြီးတနေ့ ဖြတ်သန်းနေရတယ်။ ဒါကို သတိထားမိတာကလည်း သူတယောက်ထဲပဲရှိသလို သူ့မိသားစုကလည်း ဘယ်လိုရှင်းပြပြ မှတ်မိမနေဘူး။ တစ်နေ့မှာတော့ သူမအခန်းထဲကနေ အိုလီဗီးယား ဆိုတဲ့ ကောင်မလေးတယောက်ရဲ့ အသံကို ကြားမိလာတာကနေ သူမရဲ့ ဖြစ်နေကျနေ့ရက်တိုင်းက ထူးဆန်းပြီး ရင်ထဲမငြိမ်ဖြစ်လာပါတော့တယ်။ ဒီအိမ်ကြီးရဲ့ လျှိဝှက်ချက်ကဘာတွေလဲ။ ဒီကောင်မလေးနဲ့ သူနဲ့က ဘယ်လိုမျိုး ဆက်စပ်နေတာလဲ။ သူနဲ့ သူ့မိသားစုကို ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ အိုလီဗီးယား နဲ့ ဆက်သွယ်မိတိုင်း ပေါ်လာတတ်တဲ့ လူကြီးတယောက်ကရော ဘယ်သူလဲ။ အိုလီဗီးယား ပေါ် ကျလာမယ့် အန္တရာယ်ကိုရော သူမ တားဆီးပေးနိုင်ပါ့မလား။ ဒီနေ့ရက်တရက်တည်းကိုပဲ အမြဲသံသရာလည်နေတဲ့ ဒီအိမ်ကြီးထဲကရော လီဆာ တိုမိသားစု နောက်ဆုံးမှာ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို ပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။
