6 ပတ် - ဘာသာပြန်ပါ။

The Od-ds (2018)

အခန်းထဲမှာ လူနှစ်ယောက်ရှိတယ်။ တစ်ယောက်က အသက်နဲ့ရင်းပြီး ကစားရတဲ့ စကွတ်ဂိမ်း လို ကစားပွဲတစ်ခုမှာ လာပြိုင်တဲ့အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ကတော့ ဘာလုပ်ရမယ်ဆိုတာတွေနဲ့ ကစားပွဲစဉ်းမျဉ်းတွေကို သူ့ကိုရှင်းပြပေးပြီး ညွှန်ကြားပေးရတဲ့ လူတစ်ယောက်။ အသက်နဲ့ရင်းပြီး ကစားရတယ်ဆိုပေမဲ့ လူအများကြီး စုပေါင်းပြီး ယှဉ်ပြိုင်ရတာမဟုတ်ဘဲ တခြားပြိုင်ပွဲဝင်တွေကလဲ တခြားအခန်းတွေထဲမှာ ကိုယ်စီကိုယ်စီ ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။ အနိုင်ရရှိတဲ့လူကတော့ ပိုက်ဆံတွေအများကြီးကို ပိုင်ဆိုင်ရမှာ ဖြစ်ပြီး တခြားလူတွေကတော့ ထွက်သွားရင် ထွက်သွား၊ မသွားရင် သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒီတော့ အဲ့ဒီလို ကစားပွဲကြီးထဲမှာ ဘာတွေကစားရမှာလဲ၊ အခန်းတစ်ခန်းထဲမှာပဲ နှစ်ယောက်တည်းနေရပြီး ကစားနေရတဲ့အတွက် တခြားလျှိဝှက်ချက်တွေရော ရှိနေသေးလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကားပဲ ဖြစ်ပါတယ်။

image