အဟာရလို့ ရေးတယ်ထင်ခဲ့တာ ဆိုင်တွေကရေးထားတာက
အာဟာရ လို့ရေးပါတယ်။
တကယ်တန်းက ဖြည့်စွက်စာပါလူကြီးစာပေါ့ဆီးချိုရောဂါရှိရင်တော့ မစားသင့်ပေမဲ့အဟာရဖြစ်မှာတော့အသေအချာပါဘဲ။ ကလေးလူငယ်လူကြီး အားလုံးကြိုက်ကြတဲ့ အစားအစာတမျိုးပါဘဲ။
ပြုလုပ်နည်းနှင့် ပါဝင်ပစ္စည်းများ.........
၁။ ဖီးကြမ်းငှက်ပျောသီး
၂။ ပေါင်မုန့်
၃။ နွားနို့
၄။ နို့ဆီ
၅။ အိုဗာတင်း
၆။ ကွကျဥ
၇။ ကူးလ်ဖီမလိုင်
အာဟာရ အစားအစာဟာ ဖြည့်စွက်အဟာရဖြစ်လို့ ငှက်ပျောသီးကို လူနဲ့တည့်တဲ့ ဖီးကြမ်းကိုသုံးရပါတယ်။ နွားနို့ကိုနို့မှုန့်မပါ၊ ကျွဲနို့မပါနို့ဆီနဲ့ ဖျော်ထားတဲ့နွားနို့ကို မသုံးသင့်ပါဘူးနော်။
ကြက်ဥအစိမ်း မသုံးရပါဘူး။ ကြက်ဥအစိမ်းမှာ ဝမ်းပျက်ဝမ်းလျောရောဂါပိုးတွေပါတတ်လို့ ကြက်ဥအစိမ်းကိုမသုံးပါဘူး။ကြက်ဥအကာကျက်ကိုသာ သုံးပါတယ်။
အာဟာရမှာ နွားနို့အပူကိုသုံးတဲ့အာဟာရနဲ့ နွားနို့အေးကူဖီမလိုင်ထည့်တဲ့ အာဟာရအအေးဆိုပြီး ၂ မျိုးရှိပါတယ်နော်။

image