6 ပတ် - ဘာသာပြန်ပါ။

လွမ်းစေတီ - ၁
______________
ရေစက်မချရတဲ့
အလှုအတန်းတွေ လုပ်လို့ထင်တယ်
ရေစက်‌ မဆုံပဲ
မျက်ရည်စက်တွေ ဆုံခဲ့ရတယ်
ဘုရားပန်းအိုးလေးထဲ မင်းရီသံနဲ့
လန်းခဲ့တဲ့ပန်းလေးဟာ
ငါငိုသံကြောင့် ညိုးရော့ရှာရပြီ
ပျံသွားသော ငှက်ကလေးအား
ငေးမျှာ်ရာ
ပြန်လာသော ငှက်ကလေးရဲ့
နားခိုရာ
ရင်ပြင်တော်ပေါ ရင်ခွင်ပြောင်းသွားသူရဲ့
ကျကွဲသံတွေ
တကိုင်းတည်း ငှက်နှစ်ကောင်နားဖိုအရေး
တချက်ပြစ် နှစ်ကောင်ကျပေးလိုက်ရတယ်
ငါသီ၍
မင်းကပ်လှုခဲ့‌သော
ပန်းကုံးလေးဟာ
အခုထိ ရနံမပြယ်သေး
မင်းငိုလို့ ငါထုပ်ပေးခဲ့တဲ့ပခုံးလေးဟာ
အခုထိ မျက်ရည်မတိတ်သေး
အတူတူပျံခွင်မရသော ငှက်နှစ်ကောင်၏
အုပ်တချက်၊သဲတပွင်
အတူတူဖူးပွင်ခွင့်မရှိသော ပန်းနှစ်ပွင်၏
အသဲကွဲ ကမ္မည်း‌ကျာက်စာများ
ငါတို့ ဌာပနာခဲ့သော စွယ်တော်ရွက်လေးဟာ
ရင်တခြမ်းကွဲခဲ့ရ
ကြွေသွားတဲ့ ကြယ်များကို
မင်းနံမည်‌ ပေးလို့
ငါဟာ ကပ်လှူမီ
ဒုက္ခသစ္စာကလေ သူကိုသူ
သမုဒယသစ္စာပါလို့ အော်ဟစ်ပြီး
သွက်သွက်ခါအောင် ရူးနေတယ်
မင်းရီသံနဲ့တူ သော်
ဆည်းလည်းသံ လွင်လွင်လေးတွေသတိရတဲ့အခါ
ငါငိုသံနဲ့တူသော်
ခေါင်းလာင်းလေးသာ ထိုးခပ်အမျှဝေမိတယ်...
စက္ကူစွန်လေးသာ
ဖြစ်လိုပါ၏အရှင်
ဒီအတိုင်းပဲ လေနှင်ရာမှာလွင့်မြော်ရင်း
သံယောဇဉ်ဆိုတဲ့ ရစ်ဘီးလေးမှာ ချည်ကုန်တဲ့အခါ
တနေရာမှာ ပျက်ကျမယ်
ဘယ်သူမှ မမြတ်နိုးလည်း ရတယ်
ဘယ်သူမှ တန်ဖိုးမထားလည်းရတယ်
ကျနော်လေ ပေါ့‌ပေါ့ ပါးပါးပဲ
ရှင်သန်ရလိုပါ၏ အရှင်ဘုရား ။
#အောင်သက်ဝေဇော်
#လွမ်းစေတီ - ၁

image