Takedown Defense 100% - Khamzat Chimaev
UFC အဖွဲ့အစည်းမှာ ချန်ပီယံ (၈) ဦးအပြင် အဆင့်ချိတ်ကစားသမား (၁၂၀) ရှိပါတယ်။ အဆင့်ဝင် ကစားသမား (၁၂၈) ဦးထဲမှာ Khamzat Chimaev ပဲ ဝင်လုံးမခံရဖူးတာတဲ့။ UFC အဖွဲ့အစည်းကို မရောက်ခင်တည်းက ဝင်လုံးမခံရဖူးတာတဲ့။ ပြိုင်ဘက်က ဝင်လုံးလာရင်လည်း ကာကွယ်နိုင်တယ်တဲ့။ ဆမ်ဘိုကမ္ဘာ့ချန်ပီယံ Ikram Aliskerov လည်း Khamzat Chimaev ကို ဝင်လုံးဖူးပေမယ့် မအောင်မြင်ပါဘူး။
UFC အဖွဲ့အစည်းမှာ ကစားတော့လည်း Khamzat Chimaev က ဝင်လုံးမခံရပါဘူး။ Gilbert Burns က Khamzat Chimaev ကို ဝင်လုံးဖူးပေမယ့် မအောင်မြင်ပါဘူး။ Khamzat Chimaev ကပဲ သူများကို ဝင်လုံးခဲ့တာပါ။ UFC အဖွဲ့အစည်းမှာ Takedown Defense ရာနှုန်းပြည့်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဆရာကြီးအရိုးတောင် (၂) ကြိမ်အလုံးခံရဖူးတယ်။
Islam Makhachev လည်း ကြေးစားဘဝမှာ (၄) ကြိမ်ဝင်လုံးခံရဖူးတယ်။ UFC အဖွဲ့အစည်းမှာ ဝင်လုံးခံရတာ (၂) ကြိမ်တည်းပါ။ မရောက်ခင်က တခြားအဖွဲ့အစည်းမှာ ဝင်လုံးခံရတာက (၂) ကြိမ်တဲ့။ တခြားနာမည်ကြီးဖိုက်တာတွေလည်း ဝင်လုံးခံရဖူးပါတယ်။ နည်းတာနဲ့များတာပဲ ကွာတာပါ။
ကြေးစားဘဝမှာ ပြိုင်ဘက်တွေက Khamzat Chimaev ကို အကြိမ် (၂၀) ဝင်လုံးဖို့ ကြိုးစားဖူးပေမယ့် မအောင်မြင်ပါဘူးတဲ့။ Dricus du Plessis ကရော Khamzat Chimaev ကို ဝင်လုံးဦးမှာလား။ လုံးရင် လုံးလိမ့်မယ်။ အစောပိုင်းမှာ ဝင်လုံးမယ်မထင်ဘူး။ နောက်ပိုင်းအချီတွေမှာ ဝင်လုံးပါလိမ့်မယ်။
