" ပစ် မထားပါနဲ့ "
~~~~~~~~~~~~~
ကိုရင်ဆိုတာ သာသနာ့ မျိုးစေ့တွေ
ရဟန်းဆိုတာ
သာသနာ့ သစ်ပင်တွေ ဖြစ်ပါတယ် ။
သာသနာ့ သစ်ပင် ရဟန်းတော်တွေ
များပြားလေလေ လောကကြီး
အရိပ်ရလေလေ
အေးမြလေလေ ဖြစ်ပါတယ် ။
သာသနာ့သစ်ပင် ရဟန်းတွေ
ရှင်သန်စေဖို့ မပျက်စီးစေဖို့
ပြုစုခြင်း စောင့်ရှောက်ခြင်း
လှူဒါန်းခြင်း ပြုကြရမှာ ဖြစ်သလို
သာသနာ့မျိုးစေ့ ကိုရင်တွေ
ရှင်သန်စေဖို့ မပျက်စီးစေဖို့
ပြုစုခြင်း စောင့်ရှောက်ခြင်း
လှူဒါန်းခြင်း ပြုကြရမှာ ဖြစ်ပါတယ် ။
မျိုးစေ့ကောင်းရှိမှ
သစ်ပင်ကောင်းဆိုတာ ဖြစ်လာတာ ။
ကိုရင်ပျောက်ရင် ရဟန်းပျောက်မယ် ။
ရဟန်းပျောက်ရင် သာသနာပျောက်မယ် ။
သာသနာပျောက်ရင် ဆင်းရဲကြမယ် ။
ဒါ့ကြောင့် သာသနာ့မျိုးစေ့နဲ့ တူသော
"ကိုရင်များကို ပစ်မထားပါနဲ့"
ဘုန်းဘုန်းကျောင်းမှာ သာရေးနာရေး
ဘယ်လိုပွဲ ရှိရှိ ကိုရင်တွေကို
လှူပါ ဘယ်လောက် လှူရမယ်
မပြောလိုပါဘူး ။
စွမ်းနိုင်သလောက်သာ လှူပါဟု
ဒါယကာ ဒါယိကာမများကို
အထူးတိုက်တွန်းရပါတယ် ။
အရှင်ဉာဏာဝုဓ { ဉာဏရောင်ခြည် }
