6 ပတ် - ဘာသာပြန်ပါ။

Matte Display မဟုတ်ပဲ အလင်းမပြန်အောင်လုပ်နိုင်တာတော့ မိုက်တယ် 👀
.
ဟိုးအရင်ထဲက Laptop နဲ့ Monitor Display တွေမှာ အလင်းမပြန်အောင် Anti-Glare Coating တွေ၊ Matte Display တွေက သုံးနေပြီးသားပါ။ ဒါကိုမှ အခု ASUS ကနေ Glossy OLED Display ကိုမှ အလင်းပြန်တာကို လျော့ပေးနိုင်တဲ့နည်းပညာကို အသစ်ထုတ်ပြလိုက်ပါပြီ။
ဒီနည်းပညာက ASUS ဘက်ကတော့ "TrueBlack Glossy Coating" လို့ ခေါ်ထားတယ် - OLED Display ရဲ့ အပေါ်မှာ Zero-haze Coating ကိုထည့်ပေးထားပြီး တခြား သာမန် Glossy Display တွေလိုမျိုး အလင်းရောင်ကျရင် အလင်းပြန်တာတွေ၊ Color Shift ဖြစ်တာတွေကို လျော့ချပေးနိုင်တယ်။ ASUS ဘက်က ပြောတဲ့အတိုင်းဆိုရင် သာမန် Glossy Panel တွေထက် အလင်းပြန်နှုန်းကို ၃၈ ရာခိုင်နှုန်းအထိ လျော့ပေးနိုင်တယ်။ Matte Display လိုမျိုး အရောင်ကလည်း ခပ်မှိုင်းမှိုင်းမဟုတ်ပဲ လုံးဝ TrueBlack Glossy Feeling ကိုလည်း ဆက်ပြီး ရနေဦးမယ်။
အခု ဒီ​ TrueBlack Glossy Coating ကို ROG Strix OLED XG32UCWMG နဲ့ ROG Strix OLED XG32UCWG ဆိုတဲ့ Model ၂ မျိုးမှာ အစောဆုံးသုံးပေးထားတယ်။ နာမည်တွေကတော့ ထုံးစံအတိုင်း ခေါ်ရခက်တုန်းပဲ - ဒီ Monitor ၂ ခုလုံးက 32" Flat WOLED Gaming Monitor တွေပါ။​
ဘာကွာသွားမလဲဆိုတော့ ROG Strix OLED XG32UCWMG က Refresh Rate ကို 4K 165Hz နဲ့ Full HD 330Hz Mode ၂ မျိုးရွေးပြီး သုံးနိုင်မယ်။ ROG Strix OLED XG32UCWG ကြတော့ 4K 240Hz နဲ့ Full HD 480Hz ဆိုပြီး Mode ၂ မျိုးက ပိုကောင်းသွားမယ်။ တကယ်ကို အခုနောက်ပိုင်း Gaming Monitor တွေမှာ 4K Resolution နဲ့ High Refresh Rate ကို တစ်လုံးတည်းမှာ ၂ မျိုး ပြောင်းသုံးလို့ရလာတာက Standard ဖြစ်လာတာကတော့ မိုက်တယ်။ အဲ့အပြင် 32" Size က ကြီးနေရင် Screen Size 24.5" (သို့) 27" Monitor Mode အနေနဲ့လည်း ပြောင်းသုံးလို့ရဦးမယ်။
ကျန်တာကတော့ Flagship Gaming Monitor ဖြစ်နေတော့ HDMI 2.1 Port ၂ ခု၊ DisplayPort 1.4 နဲ့ USB-C တွေအကုန်ပါမယ်။ USB-C Port တစ်ခုဆိုရင် 15W Charging ပါ Support လုပ်တော့ ဖုန်းကိုပါ တခြားအားသွင်းကြိုးတပ်စရာမလိုပဲ Monitor မှာ တပ်ထားလိုက်ရုံပဲ။
နောက်ထပ်သဘောကျဖို့ကောင်းတာက Auto KVM Switch ကိုလည်း ထည့်ပေးထားတယ်။ ဒါက ပြောရရင် Laptop ကို HDMI နဲ့ချိတ်၊ PC ကို DisplayPort နဲ့ချိတ်ထားပြီး Keyboard ၊​ Mouse လို Peripheral ပစ္စည်းတွေကို Monitor ရဲ့ USB-Port မှာ ချိတ်သုံးမယ်ဆိုရင် ကိုယ်သုံးတဲ့ Device Connection ပြောင်းတာနဲ့ Keyboard/Mouse တွေကို Auto လိုက်ပြောင်းပေးနိုင်တယ်။
တခြား Burn-in ဖြစ်တာတို့ ပါဝါစားပိုသက်သာအောင် Neo Proximity Sensor ကိုလည်း Monitor မှာထည့်ပေးနေပြီ။​ အဓိပ္ပါယ်က Monitor ရှေ့မှာ လူမရှိရင် Content တွေ မှိန်ပေးတာမျိုး၊ ခဏပိတ်ထားတာမျိုးကို ဒီ Proximity Sensor နဲ့ လုပ်ပေးနိုင်တယ်။
ဘာပဲဖြစ်ဖြစ် အခုနောက်ပိုင်း Display တွေမှာ အလင်းမပြန်ဖို့ကို ဦးစားပေးလာကြတာ တော်တော်မိုက်တယ် - Samsung ဆိုလည်း S24/25 Ultra တွေမှာ Anti-Reflective Display သုံးပေးသလို Apple ဆိုရင်လည်း MacBook Pro ၊ iPad Pro တွေနဲ့ Display Monitor တွေမှာ Nano-texture Display ကို ပေးသုံးနေပြီ။ iPhone တွေမှာလည်း Anti-Reflective Display စထည့်ပေးသင့်ပေမယ့် ဒီနှစ်လည်း မပါသေးဘူးလို့ သတင်းထွက်နေတော့လည်း 🫠

image