Xiaomi 16 စီးရီးမှာ Xring Chip သုံးတာ မြင်ရဖို့ ရှိ
Qualcomm ကို ယှဉ်ဖိုက်မယ့် Xiaomi chipset ကို အသစ်ထွက်မယ့် Xiaomi 16 စီးရီးမှာ တွေ့ရဖို့ ရှိပါတယ်။
Xring O1 အကြောင်း ကြားရသလောက်တော့ ဒီ chip က Arm architecture ပေါ် အခြေခံပြီး 8-core ဒါမှမဟုတ် 10-core tri-cluster CPU ဒီဇိုင်းသုံးပါလိမ့်မယ်။ ဒီထဲမှာ Arm ရဲ့ အကောင်းဆုံး core ဖြစ်တဲ့ Cortex-X925 နဲ့ စွမ်းရည်မြင့် Immortalis-G925 GPU တို့ ပါမယ်လို့ ဆိုပါတယ်။
Xring O1 က တရုတ်ရဲ့ ပထမဆုံး 3nm chip ဖြစ်သလို ထိပ်တန်း စွမ်းဆောင်ရည်အမြင့်ဆုံး စမတ်ဖုန်း SoC အဖြစ်လည်း မြင်ရမှာပါ။ Xiaomi ကလည်း ကိုယ့်ပိုင် Flagship စမတ်ဖုန်း SoC ထုတ်နိုင်ဖို့ ဒေါ်လာ ၇ ဘီလျံနီးပါး ရင်းထားတာပါ။ Xring O1 ကို ဒီလကုန်လောက် မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။
အခုတော့ Xring O1 ကို high-end models တွေ ဖြစ်တဲ့ Xiaomi 16S Pro နဲ့ Xiaomi 16 Ultra မှာ သုံးလာဖို့ မျှော်လင့်ရမှာပါ။ တခြား Xiaomi 16 နဲ့ Xiaomi 16 Pro တို့ကတော့ Snapdragon 8 Elite 2 SoC သစ်နဲ့ ထွက်လာဖို့ ရှိပါတယ်။ Xiaomi က ကိုယ်ပိုင် chip ထုတ်နေပေမယ့် Qualcomm အဆင့်မြင့် chip တွေ ဝယ်ဖို့ နှစ်ရှည်စာချုပ်ချုပ်ထားတာ ရှိပါတယ်။
Xiaomi 16 စီးရီးရဲ့ CAD ပုံကြမ်းတွေအရတော့ Xiaomi 15 ဒီဇိုင်းကို ပြန် refine လုပ်ထားတာ ဖြစ်ပြီး ကျောဘက်မှာ dual-tone ကာလာဒီဇိုင်းနဲ့ လာဖို့ များပါတယ်။ Xiaomi 16 ကို display size ၆.၃၂ လက်မ နဲ့ ၆.၃၆ လက်မအကြား သုံးလာပြီး periscope telephoto ကင်မရာ ၊ အကြီးစား 6800 Ah ဘက်ထရီနဲ့ 100W charging သုံးမယ်လို့လည်း ကြားထားပါတယ်။
