6 ပတ် - ဘာသာပြန်ပါ။

ဝက်ဘ်ဆိုက်တွေကို AI apps ပြောင်းမယ့် Microsoft
Microsoft က Build 2025 ပွဲမှာ AI agents ပရောဂျက်ကြီးတစ်ခု ချပြပါတယ်။
ဒါကို Natural Language Web (NLWeb) လို့ ခေါ်ပါတယ်။ ဝက်ဘ်ဆိုက်တွေကို AI models တွေ support ပေးတဲ့ interface တစ်ခု ထည့်မယ့် စီမံကိန်းပါပဲ။ သဘောက ရိုးရိုး website တွေကို အပြန်အလှန်စကားပြောနိုင်မယ့် chatbot AI နဲ့ အစားထိုးတာမျိုးပါ။
ဝက်ဘ်ဆိုက်ကို AI app ပြောင်းမယ့် နည်းပညာလို့ ပြောပါတယ်။ ဒါပေမယ့် သူ့နယ်က ဒီထက်ပို ကျယ်ပါလိမ့်မယ်။ NLWeb က Open-Source တစ်ခု ဖြစ်ပြီး တခြားကုမ္ပဏီတွေက ဖန်တီးထားတဲ့ AI agents တွေပါ ဒီမှာ လာပြီး အတူတူ အလုပ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။
ဒီ Agentic Web က Model Context Protocol (MCP) စံပလက်ဖောင်းနဲ့ သွားမှာပါ။ MCP ပလက်ဖောင်းကို ဖန်တီးတာက ကုမ္ပဏီသက်တမ်း ၄ နှစ်ပဲ ရှိသေးတဲ့ Anthropic AI ကုမ္ပဏီ ဖြစ်ပါတယ်။ AI systems တွေ အချင်းချင်း access လုပ်ပြီး အချက်အလက်မျှဝေနိုင်မယ် ၊ အလုပ်တွေ ပိုကောင်းအောင် လုပ်နိုင်မယ်ဆိုတဲ့ အိုင်ဒီယာနဲ့ ဖန်တီးထားတဲ့ protocol ပါ။
၁၉၉၀ ပြည့်လွန်နှစ်တွေက အင်တာနက်ပေါ် ရောက်ခဲ့တဲ့ hypertext protocols တွေအတိုင်းပဲ လို့ Microsoft ရဲ့ နည်းပညာအရာရှိချုပ် ကယ်ဗင်စကော့က ဆိုပါတယ်။ "MCP က NLWeb အတွက်ဆို HTML အတွက် HTTP လိုပါပဲ"
NLWeb ပရောဂျက်ရဲ့ ခေါင်းကိုင်ဖခင်ကြီးက မကြာသေးခင်ကမှ Corporate Vice President နဲ့ Technical Fellow အဖြစ် ခန့်အပ်လိုက်တဲ့ အာဗွီ ဂူဟာလို့ ဆိုပါတယ်။ ဂူဟာက RSS , RDF နဲ့ Schema.org လိုမျိုး လူသုံးများတဲ့ web standard တွေရဲ့ ဖန်တီးရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
Microsoft က AI agents တွေရဲ့ memory စွမ်းရည်ကောင်းစေဖို့ users နဲ့ agent ပြောဆိုမှုကို အပိုင်းလိုက်ဆွဲထုတ်ပြီး roadmap ထုတ်နိုင်တဲ့ Structured Retrieval Augmentation ဆိုတဲ့ နည်းလမ်းသစ်လည်း ဖန်တီးနေပါတယ်။

image