“ကျွန်တော် မေးတယ်၊ အာဆင်ဝင်းဂါး ယူရိုပါလိဂ်ရဖလား၊ ချန်ပီယံလိဂ်ရဖူးလား။ တစ်လုံးမှမရဖူးဘူး။ ဥရောပသမိုင်းမှာ ဘောင်မဝင်ခဲ့ရင် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေသင့်တယ်၊ ချန်ပီယံလိဂ်က အမြဲတမ်း အနိုင်ရသူတွေအတွက် အရှုံးပါရဂူအတွက်မဟုတ်ဘူး။
အာဆင်ဝင်းဂါး က စည်းမျဉ်းတွေကြိုက်သလိုလုပ်ဖို့ ဒိုင်လုပ်ချင်နေပုံပဲ။ UEFA ရဲ့ Rule တွေကို သူ့မှာ ဘာများလက်ခံတာရှိလို့လဲ။ ယူရိုပါလိဂ်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ယူတာ ဖြတ်လမ်းဗျ၊ ဒီဘဲကြီးက အဆင့် ၄ လောက်ရပြီး ချန်ပီယံလိဂ်ကန်ရတာပဲ အသားကျနေတာ၊ ဓာတ်လှေကားကို သူမသိဘူး။
မန်စီးတီးက အမှတ် ၁၀၀ နဲ့ ချန်ပီယံဖြစ်ပြီး ၈၁ မှတ်နဲ့ ဒုတိယနေရာရတော့ ကျွန်တော်ရှုံးတယ်တဲ့။ ဒါ့ကြောင့် နောက်ရာသီဖလားယူပြတယ်။ အခုကျ အဆင့် ၂ နဲ့ ၃ နှစ်လုံးလုံးကျေနပ်ရပြီး ဆုဖလား တစ်လုံးမှမရတဲ့သူက ဘာဘာညာညာ ဆင်ခြေတွေပေးပြီးတော့ ကာကွယ်နေတာပေါ့ဗျာ။”
-ဂျိုဆေးလ်မော်ရင်ဟို
