6 w - Translate

သူနာပြုအခန်းကဏ္ဍထိရောက်ရှိလာသည့် ROBOTများ

ထိုင်ဝမ်သည် ကမ္ဘာလုံးဆိုင်ရာ သူနာပြုရှားပါးမှုကို ဖြေရှင်းရန် smart robot များကိုအသုံးပြုခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် AI robot ကိုအသုံးပြုနေပြီဖြစ်သည်။

Nurabot သည် Foxconn မှတီထွင်ပြီး NVIDIA နည်းပညာကိုအသုံးပြုထားသော သူနာပြုစက်ရုပ်ဖြစ်သည်။ ဆေးဝါးပို့ဆောင်မှု၊ward အတွင်းလှည့်ပတ်ကြည့်ရှူခြင်းနှင့် ဧည့်သည်များကို လမ်းပြခြင်းကဲ့သို့သော အလုပ်များကိုလုပ်ဆောင်ပေးသဖြင့် သူနာပြု၏တာဝန်အချို့ကို လျှော့ချပေးသည်။

Nurabot သည် Taichung Veterans General Hospital ကဲ့သို့သော ဆေးရုံများတွင် အလုပ်လုပ်နေပြီး သူနာပြု​များ၏အလုပ်ချိန်ကို 30% အထိလျှော့ချထားနိုင်သည်။Robot nurse များသည် ကုသရေးကိရိယာများနှင့် ကျန်းမာရေးပညာပေးခြင်းများကိုလည်း လုပ်ဆောင်ပေးသည့်အတွက်သူနာပြုများက လူနာများကိုအချိန်ပိုပေးကာအာရုံစိုက်နိုင်သည်ဟုသိရသည်။

Foxconn သည် လူနာများ၏ ဗီတာမင်ဓါတ်များကို ခြေရာခံရန် နှင့် အသက်အန္တရာယ်ရှိသောအချက်အလက်များကို မောနီတာလုပ်နိုင်သော AI မော်ဒယ်များနှင့် ဆေးရုံဒီဇိုင်းကို တိုးတက်အောင် ပြုပြင်ဖန်တီးနိုင်သော ဒစ်ဂျစ်တယ်နှစ်ဆ (digital twins) တို့အပါအဝင် အခြားသောနည်းပညာအထောက်အကူပြုစက်ကရိယာများအတွက်NVIDIA ​၏နည်းပညာကိုလည်း အသုံးပြုထားသည်ဟုသိရသည်။

image