“လမ်းသွယ်ထဲက လူအားလုံးဟာ သူတို့နောက်ကို တစ်ယောက်ယောက် လိုက်နေသလို လမ်းလျှောက်ကြတယ်။ ရန်ကုန်မြို့က လူတွေဟာ ဒီလိုပဲ လမ်းလျှောက်ကြတယ် ထင်ပါရဲ့။”
၁၉၉၂ခုနှစ်မှာ ရေးခဲ့ပြီး ၁၉၉၃ ခုနှစ်က အမျိုးသားစာပေ ဝတ္ထုရှည်ဆုရခဲ့တဲ့ ဆရာမ နုနုရည်အင်းဝ ရဲ့ စာအုပ်လေးပါ။
“ခို”အိမ်ရှည် မြောမြောလေးတွေလို့ စာအုပ်မှာ ညွှန်းဆို သလို မြို့ပြလူနေမှု ဘဝက တိုက်ခန်းလေးတွေမှာနေကြရတဲ့ လူတန်းစားပေါင်းစုံရဲ့ အမျိုးမျိုးသော ဘဝ အဖုံဖုံကို စုံစီနဖာ ရှုထောင့် ပေါင်းစုံက ရေးပြထားတဲ့ စာအုပ်ပါ။
စာအုပ် ဖတ်နေရင်း တွေးမိတာတော့ တကယ့် လောကဓံ တရားကို ဒေါင်ကျကျ ပြားကျကျ ရင်ဆိုင်ခဲ့ကြရတဲ့ (ရင်ဆိုင်နေကြရတဲ့)လူနေမှုဘဝ ကို ကိုယ်တွေ့မကြုံဖူးရင်တောင် ကိုယ်ချင်းစာနာတတ်လာအောင် ၊ခံစားတွေးတော တတ်လာအောင် ကရုဏာရသ အပြည့်ပေးစွမ်းနိုင်တဲ့စာအုပ်ပါ။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊မြစိမ်းပြာ လမ်းသွယ်၊ အမှတ် ၂၂၂ မှာရှိတဲ့ ၊အမြင့်ရှစ်ပေ၊အကျယ်ဆယ်ပေ၊ အလျားအရှည် လေးဆယ့်ငါးပေရှိတဲ့ အလွှာပေါင်း ဆယ့်နှစ်လွှာ နဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့…၊ကန်ထရိုက် သုံးထပ်တိုက်လေးတစ်လုံးရဲ့ အလွှာ အသီးသီးမှာ နေထိုင်တဲ့ ဆရာမနုနုရည် အင်းဝဖန်တီး ထားတဲ့ ဇာတ်ကောင်တစ်ယောက်ချင်းစီ(ခိုမိသားစုလေးတွေ)အကြောင်းကို သိချင်ရင် တော့ ဒီစာအုပ်လေး ကို ဖတ်ကြည့်ပါ။ မိမိအတွက် တွေးတောဆင်ခြင်နိုင်စရာလေးတွေ အများအပြားကျန်နေခဲ့မယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။
ခေတ်ပေါ်နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ အလိုရမက်တွေဟာလည်း အတောမသတ်နိုင်ပဲ လိုချင်တာရအောင် ကြိုးစားရုန်းကန်နေကြရတဲ့ rush ဖြစ်နေတဲ့ Life style ကို ထင်သာမြင်သာအောင် ရေးပြထားနိုင်တဲ့ စာအုပ်ပါ အကြောင်းအရာလေးနဲ့ ဒီ reviewလေးကို အဆုံးသတ်ပါရစေ။
#မြစိမ်းပြာကမာရွတ်
#နုနုရည်အင်းဝ
#sharingiscaring 🤍
#bookreviewbyhtet?

image