NotebookLM app ထွက်ပြီ
browser ဗားရှင်းနဲ့ ထွက်ထားတဲ့ Google ရဲ့ NotebookLM ကို app ဗားရှင်းနဲ့ သုံးနိုင်ပြီလို့ ဆိုပါတယ်။
ဒီ app က ကိုယ်သိချင်တဲ့စာဖိုင်တွေကို upload တင်လိုက်တာနဲ့ AI က အနှစ်ချုပ် Summarize ပြန်ထုတ်ပေးနိုင်သလို စာပါအကြောင်းအရာကိုလည်း AI နဲ့ အပြန်အလှန် Chat လုပ်ပြီး ဆွေးနွေးနိုင်မှာပါ။
လေ့လာရေးသုံး AI ဖြစ်လို့ ကိုယ် Upload တင်သမျှ File Types တွေနဲ့ Website links တွေကို research notes ထုတ်ပေးပါလိမ့်မယ်။ ဘယ် documents တင်တင် information ဆွဲထုတ်ပြီး Focus ထုတ်ပေးနိုင်တဲ့ app ပါ။
အချက်အလက်တွေကို မှတ်မိနိုင်စေဖို့အတွက်လည်း အရေးပါတဲ့အချက်တွေ တစ်ဆင့်ချင်း ဆွဲထုတ်ပေးမယ့် Mind Map feature ထည့်ပေးထားပါတယ်။ အသံနဲ့ podcast ပုံစံ အပြန်အလှန်ဆွေးနွေးတာကို နားထောင်နိုင်ဖို့လည်း Audio Overview စနစ် ပါပါတယ်။ Audio Overviews တွေက Offline ပြန်နားထောင်နိုင်အောင် Download လုပ်ထားလို့ ရမှာပါ။
မြန်မာဘာသာအပြင် ဘာသာစကားပေါင်း ၅၀ ကျော် support ပေးထားပြီး အီးမေးလ်ရှိရင် သုံးလို့ရတဲ့ free app တစ်ခုလည်း ဖြစ်ပါတယ်။ Android နဲ့ iOS နှစ်မျိုးလုံးမှာ သုံးနိုင်ပြီလို့ ဆိုပါတယ်။
