၁၈ လက်မ Foldable Laptop မိတ်ဆက်လိုက်တဲ့ Huawei
Foldable လောကမှာ ဆရာကြီးဖြစ်နေတဲ့ Huawei ရဲ့ အလန်းစား Laptop ပါ။
MateBook Fold Ultimate က ဈေးကွက်ဝင် ကမ္ဘာ့ပထမဆုံး Foldable Laptop ဆိုလည်း မမှားပါဘူး။ မတ်လတုန်းက Windows လိုင်စင် သက်တမ်းကုန်ပြီးတဲ့နောက် ကိုယ့် OS နဲ့ ကိုယ်လာတဲ့ Huawei ရဲ့ တကယ့်အထင်ကရ Laptop ပါ။
ခေါက်လိုက်ရင် ၁၃ လက်မ Screen ထွက်ပြီး ဖြန့်ထားရင် ၁၈ လက်မဆိုဒ် ရှိတဲ့ ဒီ Laptop က အလေးချိန် 1.16kg ရှိပြီး Unfolded အနေအထားမှာ အထူ 7.3mm နဲ့ ပိတ်ထားချိန် 14.9mm ထု ရှိပါတယ်။ three-layer အလူမီနီယမ် structure နဲ့ ultra-thin printed circuit board (PC သုံးထားလို့ တော်တော်လေး ပါးနေတာပါ။
Creative သမားတွေ ဘက်စုံသုံးလို့ရအောင် ဖန်တီးထားတာ ဖြစ်ပြီး wireless keyboard နဲ့ ချိတ်ပြီး laptop လို သုံးနိုင်သလို physical keyboard မလိုဘဲ ခေါက်ပြီးလည်း သုံးနိုင်မှာပါ။ Laptop လို သုံးဖို့အတွက် နောက်ဘက်မှာလည်း kickstand တစ်ခု ထည့်ပေးထားပါတယ်။
သုံးထားတဲ့ panel က screen အပြည့်အနေအထားမှာ 4:3 aspect ratio ပါပြီး 3.3K (3296 x 2472p) ရုပ်ထွက်ရှိပါမယ်။ တစ်ဝက်ခေါက်အနေအထားမှာ 3:2 ratio နဲ့ 2472 x 1648p ရုပ်ထွက် ရှိပါတယ်။ 1440Hz PWM dimming နဲ့ screen တောက်ပမှုအမြင့်ဆုံး 1600 nits ရှိပြီး ပုံမှန် OLED screen ထက် ပါဝါအစား ၃၀% သက်သာပြီး ၃ ဆပို ရေရည်ခံမယ်လို့ ဆိုပါတယ်။
အတွင်းထဲမှာ Vapour Chamber တစ်ခု slim fan နှစ်ခုနဲ့လည်း အပူထိန်းပေးထားပါတယ်။ မိုက်ခရိုဖုန်း ၄ ခု ၊ စပီကာ ၆ ခု ၊ USB-C port ၂ ခု နဲ့ 74.69Wh ဘက်ထရီတွေ သုံးထားပြီး dual-band WiFi 6 နဲ့ Bluetooth 5.2 ဆက်သွယ်ရေးစနစ်တွေ ပါပါမယ်။ ကာလာသုံးရောင်နဲ့ လာပြီး ဗူးထဲမှာ keyboard , carrying cases တွေ နဲ့ 140W fast charger ၊ အားသွင်းကြိုးပါပါမယ်။
RAM 32GB/ SSD 1TB နဲ့ 2TB ဗားရှင်းနှစ်မျိုးနဲ့ ထွက်ပြီး တရုတ်မှာ ယွမ် ၂၃၉၉၉ (ဒေါ်လာ ၃၃၀၀ ဝန်းကျင်) ဈေးနဲ့ စရောင်းသွားမှာပါ။
