ကရင်ဖိုက်တာ စူဘလတ်ကတော့ ဖလိုင်းဝိတ်တန်းမှာ ကစားချင်နေကြောင်း ထုတ်ပြောလာပါပြီ...
အဓိက ကတော့ သူ့ရဲ့ဝိတ်ကြောင့်ပါပဲတဲ့
သူရဲ့ပုံမှန်ဝိတ်က 67 kg ပဲရှိတာဖြစ်ပြီး ပွဲတွင်းဝိတ်နဲ့လည်း တူညီနေကြောင်းပြောပါတယ်
ဒါ့ကြောင့် ကစားတဲ့အခါမှာ တစ်ဖက်ပြိုင်ဘက်ကို ဝိတ်အကျောအများကြီးပေးရတာကြောင့် ကွာဟမှုတွေရှိလာတာဖြစ်ပါတယ်...
အခုလိုသုံးပွဲဆက်ရှုံးနိမ့်လာတဲ့အချိန်မှာ ပရိတ်သတ်တွေကလည်း ဝေဖန်နေကြပြီမို့ စူဘလတ်ကအပြောင်းအလဲတစ်ခုဖြစ်အောင် ဝိတ်တန်းဆင်းထိုးချင်ကြောင်း ဖွင့်ဟလာတာလည်းဖြစ်ပါတယ်...
