မှားနေရင်တောင်
ဖိနှိမ် မပြောရက်တဲ့
နှလုံးသားမျိုးကမှ နွေးထွေးမှုရှိတာပါ။

လွဲနေရင်တောင်
မသိမသာလေး တည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ ကြင်နာတတ်တာပါ။

ချိုယွင်းနေရင်တောင်
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမပေးတတ်တဲ့
နှလုံးသားမျိုးကမှ တကယ်မွန်မြတ်တာပါ။

အဆိုးတွေရှိရင်တောင်
အကောင်းလေးတွေနဲ့ ထေပြီး
မြင်တတ်နားလည်တတ်တဲ့
နှလုံးသားမျိုးကမှ တကယ့်ကိုရင့်ကျက်တာပါ။

လိုအပ်နေရင်တောင် လိုလိုဖြည့်ပေးတယ်ဆိုတဲ့
သဘော မသက်ရောက်အောင်
စေတနာသီးသန့်နဲ့ ဖြည့်ပေးတတ်တဲ့
နှလုံးသားမျိုးကမှ တကယ့်ကို လေးစားထိုက်တာပါ။

image