6 w - Translate

လူတိုင်းကို အားမနာ မိစေနဲ့ !
လူတိုင်းကတော့ သူတို့ကို
တစ်ခုခုလုပ်ပေးတာ
လိုက်လျောပေးတာ
ကူညီပေးတာ
အခွင့်အရေးပေးတာကို
ကြိုက်ကြသူတွေချည်းပါပဲ။
ဒါပေမဲ့ ပေးပါများလာတဲ့အခါ
အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်
လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။
မလုပ်ပေးနိုင်တဲ့အခါ
မင်းက တာဝန်မကျေတော့ဘူး
သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး
အရင်က မင်းလုပ်ပေးခဲ့သမျှဟာ
မင်းမလုပ်ပေးနိုင်တဲ့နောက်
အလကားဖြစ်သွားပြီ။
အဲ့ဒီအခါ
အရင်လို စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက်
သူတို့ကြည်ဖြူအောင်
သူတို့နဲ့တည့်အောင်
အဆင်ပြေအောင်
သူတို့စိတ်ကျေနပ်အောင်
မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ် မနိုင်ဝန်ဖြစ်လာမယ်။
မလုပ်ပေးနိုင်တဲ့အခါ
အရင်ကကောင်းခဲ့တဲ့ မင်းတို့ဆက်ဆံရေးတွေ
အဆုံးသတ်မယ်။
အရာအားလုံးဟာ
မင်းအားနာတာကနေ စခဲ့တာပါ
ဒါကြောင့်
ဘဝမှာ မလိုအပ်ဘဲ
ဘယ်သူ့ကိုမှ အားမနာမိပါစေနဲ့
တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။
ဆုထူးပန်- အသျှင်ဉာဏိဿရ

image