6 w - Translate

နန်းကျဘုရင်ဆိုတာဘာလဲ
နန်းကျဘုရင်လို့နာမည်ကြားလိုက်ရုံနဲ့
သမိုင်းစာအုပ်လေးလေးလံလံကြီးလို့ထင်နေတဲ့
လူငယ်များအတွက် အထူးရည်ရွယ်ပါတယ်။
သမိုင်းဖြစ်ရပ်မှန်ဆိုတာ ဟုတ်ပါတယ်။
ဒါပေမယ့် ဖြစ်ရပ်မှန်တွေဟာ
စိတ်ကူးယဉ်တွေထက် အဆပေါင်းများစွာ
ပိုမိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာ
အခုစာအုပ်က သက်သေထူထားပါတယ်။
အထူးသဖြင့် မြန်မာတို့ရဲ့
နောက်ဆုံးဘုရင်အကြောင်းကို
အသေးစိတ်ချယ်မှုန်းထားပါတယ်။
နန်းကျဘုရင် ဘဝနဲ့
တိုင်းတစ်ပါးမှာ ရုန်းကန်ခဲ့ရတဲ့
တော်ဝင်မိသားစုအရေးကို
အသေးစိတ် သုတေသနပြုကာ
ချယ်မှုန်းထားပါတယ်။
အခုစာအုပ်ကို ရေးသားဖို့အတွက်
မူရင်းစာရေးဆရာမ ဆူဒါရှားဟာ နှစ်ပေါင်းများစွာ
သုတေသနပြုလုပ်ခဲ့သလို
တော်ဝင်မိသားစုဝင်များ၊
တော်ဝင်မိသားစုနဲ့ ဆက်စပ်ခဲ့ဖူးသူများကို
အင်တာဗျူးပေါင်းများစွာ ပြုလုပ်ခဲ့ရပါတယ်။
ဒါ့အပြင် မြန်မာဘာသာနဲ့ထုတ်ထားတဲ့
တော်ဝင်မိသားစုနဲ့ပတ်သတ်တဲ့
စာအုပ်စာတမ်းများစွာတို့ကိုလည်း
ခက်ခက်ခဲခဲ ဘာသာပြန်ပြီးလေ့လာခဲ့ရသူပါ။
ဒါပေမယ့် ဒီစာအုပ်ရဲ့
အောင်မြင်မှု လှို့ဝှက်ချက်ကတော့
ရသ ပါပဲ။
မြန်မာတို့ရဲ့ နောက်ဆုံးတော်ဝင်မိသားစုဘဝဟာ
လွမ်းမော ဆွတ်ပျံဖွယ်ရသအပြည့်ရှိသလို
အဆိုပါရသကိုလည်း
ပေါ်လွင်အောင် ရေးသားနိုင်ခဲ့ပါတယ်။
ဘာသာပြန်သူ ဆရာဝင်းငြိမ်းကလည်း
မူရင်းစာရေးဆရာရဲ့ရသကို ထိထိမိမိ ဘာသာပြန်ဖလှယ်နိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း နန်းကျဘုရင်စာအုပ်ဟာ
အကြိမ်ကြိမ်ပုံနှိပ်ခဲ့ရပြီး
စာဖတ်သူများကြားမှာ ရေပန်းစားအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

image