❝ သိန်းဖေမြင့် - ဝိုးတဝါးပါရီနှင့် ငြိမ်းချမ်းရေးခရီးသည် ❞
ဆရာသိန်းဖေမြင့်၏ ခရီးသွားဆောင်းပါး ၂ ပုဒ်ကို စုစည်းတင်ဆက်ထားခြင်း ဖြစ်ပါသည်။ ၁၉၅၇ ခုနှစ်တွင် အင်္ဂလန်အစိုးရက ဖိတ်ကြားခြင်းပြုသဖြင့် မြန်မာပါလီမန်အမတ်အဖွဲ့ ဘိလပ်သို့ သွားရောက်ခဲ့ကြရာ ပါလီမန်အမတ်တစ်ဦး၊ စာရေးဆရာကြီး ဦးသိန်းဖေမြင့်က သူ၏ အမြင်အတွေ့ အကြုံများကို ပြည်တော်စိုးသတင်းစာတွင် ငြိမ်းချမ်းရေးခရီးသည်ဆောင်းပါး၊ ကြေးမုံတွင် ဝိုးတဝါးပါရီဆောင်းပါးအဖြစ် နေ့စဉ်ရေးသားဖော်ပြခဲ့ပါသည်။
ပါရီမြို့၏ လမ်းဘေးပန်းချီကားများ၊ တောင်ပံဖြန့်နေသော ဗိမာန်များ၊ လွတ်လပ်ခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ သမိုင်းတွင်အကြောင်းအရာများအပြင် မြန်မာ့အခြေအနေ၊ နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအပေါ် ကိုပါ စာရေးသူ၏ တွေးခေါ်ချက်များ၊ အနုပညာနှင့် လူမှုသုံးသပ်ချက်များ ပေါင်းစပ်ထားသည့် ခရီးသွားမှတ်တမ်းစာအုပ်ဖြစ်ပါသည်။ အနောက်နိုင်ငံရပ်ခြားတို့သို့ ရောက်ရှိခဲ့သော မြန်မာလူမျိုးတစ်ယောက်၏ အမြင်နှင့် တွေ့ကြုံမှုများအပေါ် စိတ်ခံစားမှုများကို ရေးဖွဲ့ထားသည့် ခရီးသွားရသစာပေ စာအုပ်တစ်အုပ်ဖြစ်ပါသည်။
