6 ပတ် - ဘာသာပြန်ပါ။

၁၉၄၅ ခုနှစ်မှ ၁၉၅၇ ခုနှစ်အတွင်း စာပဒေသာ၊ ရှုမဝ၊ မြဝတီ မဂ္ဂဇင်းတို့တွင် ဆရာ ဇေယျ ရေးသားခဲ့သော ဆောင်းပါးများကို စုစည်းထားသည့် ဆရာဇေယျ၏ လူသိအများဆုံး လက်ရာ ရွာဓလေ့၊ လူ့ဓလေ့ စာအုပ် ဖြစ်သည်။
“‘မြန်မာ့မျက်ပွင့်’ ကဲ့သို့သော ဆောင်းပါးပေါင်းချုပ်ကျမ်းများ မြောက်မြားစွာ ပေါ်ထွန်းလာကာမှ မျက်မှောက်ခေတ် မြန်မာစာပေ၌ ဝတ္ထုစာပေသာမက ‘စာပဒေသာ’ ဟု ခေါ်ရသော စာပေမျိုးလည်း ဖွံ့ဖြိုးရန် အခွင့်အလမ်း ပေါ်ပေါက်လာပေမည်” ဟု ဆရာကြီး တက်တိုးက ယခုစာအုပ်တွင် မိတ်ဆက်ပေးထားသည်။
မြန်မာရာဇဝင်တွင် ထက်မြက်ထင်ရှားခဲ့သည့် ကနောင်မင်းသားကြီး၊ ယောမင်းကြီး ဦးဘိုးလှိုင်၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ စစ်ကဲကြီး ဦးရွှေနော် စသည့် သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတို့၏ အကြောင်းများအပါအဝင် ကျေးလက်တောရွာတို့၏ ထုံးတမ်းစဉ်လာ ဓလေ့များကိုလည်း ဗဟုသုတဖြစ်ဖွယ် ဖတ်ရှုမှတ်သားရမည် ဖြစ်သည်။ ‘မြန်မာ့မျက်ပွင့်’ စာအုပ်သည် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးကြသည့် စာချစ်သူ မြန်မာတိုင်း ဖတ်သင့်ဖတ်ထိုက်သော စာအုပ်တစ်အုပ် ဖြစ်ပါသည်။
◾မြန်မာ့မျက်ပွင့် ရွာဓလေ့၊ လူဓလေ့
◾ဇေယျ

image