❝ ဘဝမှာ လွယ်တာ ဘာမှမရှိပါဘူး၊ ရှင်သန်ရတဲ့အလုပ်တောင်မှ မလွယ်တာ၊ ရှင်သန်ခြင်းရဲ့ အထောက်အပံ့ အလုပ်အကိုင်တွေဆိုရင် ပိုဆိုးပါတယ် ❞
❝ဘဝကြီးက အစိုးမရနိုင်ပါဘူး၊ ထိန်းချုပ်ရခက်ပါတယ်။ ဒါပေမဲ့ ထိန်းချုပ်လို့ ရနိုင်သေးတာက ကိုယ့်ရဲ့စိတ်နဲ့ ကိုယ့်ရဲ့ခံယူချက်ပါ ❞
❈ စိတ်အေးလက်အေး အားလပ်တဲ့နေ့ကောင်းရက်သာလေးမှာ ကိုယ်ပိုင်အချိန်ကလေးတခု ဖဲ့ယူပြီး ကော်ဖီခွက်လေးချ၊ Lakmé: Flower Duet လို Opera လေးဖွင့်၊ Cozy ဖြစ်အောင်နေပြီး နည်းနည်းချင်းစီ ဖတ်သွားရင် လက်တွေ့ဘဝအတွက် သိပ်ပြီး အကျိုးရှိတဲ့ ဘဝသင်ခန်းစာအချို့ကို လေ့လာနိုင်မယ့် စာအုပ်ဖြစ်ပါတယ်။
• တစိမ့်စိမ့်တွေးလေလေ စိတ်ခွန်အားတွေ တစတစ တိုးလေလေ ဖြစ်စေနိုင်မယ့်စာအုပ်
• စိတ်ပင်ပန်းမှုတွေကို သက်သာစေနိုင်မယ့် စိတ်ခွန်အားဖြည့် စာအုပ်
• လိုတိုရှင်း ဆိုလိုရင်းကိုပဲ တဲ့တိုးရှင်းပြ မျှဝေထားတဲ့ ပေါ့ပေါ့ပါးပါးစာအုပ်
• တစ်ထိုင်တည်း အများကြီး ဖတ်စရာမလိုဘဲ နည်းနည်းချင်းစီ ဖဲ့ယူနိုင်မယ့်စာအုပ်
• ရှေးတုန်းက အတွေးအခေါ်တွေကို ခေတ်အမီဆုံး ရှုထောင့်တွေနဲ့ ဘဝလမ်းညွှန်တွေ ရနိုင်မယ့်စာအုပ်
• ဝန်ထမ်းဘဝကနေ ရုန်းထွက်ပြီး ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝကိုယ်ကြောင်းနေတဲ့ လူငယ်တစ်ယောက်ရဲ့ ဘဝပေးအသိအမြင်တွေကို ခံစားနိုင်မယ့် စာအုပ်
အရေးမပါတဲ့အရာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတဲ့ ခေတ်ကြီးမှာ ကိုယ့်အတွက် အရေးပါတာကိုပဲ အာရုံစိုက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို အပူအပင်ကင်းကင်း ကြောင့်ကြမှုမရှိဘဲ စိတ်အေးလက်အေး လုပ်သွားနိုင်ဖို့ သိထားသင့်တဲ့ အကြောင်းအရာတွေကို တစ်ဝကြီး လေ့လာနိုင်မယ့် စာအုပ်ဖြစ်ပါတယ်။
◾ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲလိုက်ပါ
◾လူသာ(အတွေးအမြင်)
