6 w - Translate

အလုပ်လုပ်နေရင်းနဲ့ အလုပ်ရဲ့ သဘောသဘာဝက ဘာလဲ? ငါက ဘာကြောင့် အလုပ်လုပ်နေရတာလဲ? အခုလုပ်နေတဲ့အလုပ်က ငါ့ကို ကျေနပ်မှု ပေးနိုင်ရဲ့လား? ဆိုတဲ့ မေးခွန်းတွေကိုမေးမိပြီဆိုရင် ဒီစာအုပ်က မိတ်ဆွေအတွက်ပါပဲ။
ကမ္ဘာကြီးကို အုပ်စိုးနေတာ ဘောဂဗေဒပညာရှင်တွေနဲ့ နိုင်ငံရေးဒဿနပညာရှင်တွေရဲ့ အိုင်ဒီယာတွေလို့ ဒီစာအုပ်ရဲ့ အစမှာပဲဖတ်ရမယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ သူတို့ရဲ့ အိုင်ဒီယာတွေဟာ လူတွေနားလည်ထားတာထက် အများကြီးပိုပြီး သက်ရောက်မှုရှိနေလို့ပါတဲ့။ ဒါဆို Barry Schwartz ရဲ့ Why We Work ကို ဆရာထင်ဇော်မှူးသင်က ကောင်းမွန်သောလုပ်ငန်းခွင် အမည်နဲ့ ဘာသာပြန်ဆိုထားတဲ့ ဒီစာအုပ်မှာ လူတွေဘာကြောင့် အလုပ်လုပ်ကြတယ်၊ အလုပ်လုပ်ဖို့ ဘယ်လိုအရာတွေက သူတို့ကို လှုံ့ဆော်ပေးတယ်၊ လွှမ်းမိုးခံထားရတဲ့ အိုင်ဒီယာတွေရဲ့ အပြင်ဘက်ကို ထွက်ဖို့ ဘယ်လိုစတင်ရမယ် ဆိုတဲ့အရာတွေကို စနစ်တကျ လေ့လာဆန်းစစ်ထားတာ ဖတ်ရှုရပါမယ်။
လူတွေ အလုပ်လုပ်ကြတယ်ဆိုတာ ငွေရဖို့အဓိကလို့ဆိုရင် သိပ်တော့မလွဲပါဘူး။ ဒါပေမဲ့ ငွေရတဲ့ လုပ်ငန်းခွင်တိုင်းက စိတ်ကျေနပ်စရာ ကောင်းပါရဲ့လား? ဒါဆို စိတ်ကျေနပ်စရာ ငွေကြောင့်မဟုတ်တဲ့ တခြားအကြောင်းရင်းတွေကို လိုက်လံဖွေရှာရင် မနည်းမနောပဲဆိုတာ သိနိုင်ပါမယ်။ ဒီအကြောင်းက စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။
စိတ်ကျေနပ်မှုရတဲ့ ဝန်ထမ်းဆိုတာ -
(၁) အလုပ်ထဲမှာ စိတ်ဝင်စားမှု ရှိကြတယ်။
(၂) အလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်။
(၃) အလုပ်ထဲမှာ ကြီးစိုးခွင့်ရတယ်။
(၄) လုပ်ပိုင်ခွင့်ကို အသုံးချပြီး အခြားပိုင်ဆိုင်ခွင့်တွေ ဖန်တီးနိုင်တယ်။
(၅) အလုပ်ဟာ အဓိပ္ပာယ်ပြည့်ဝတယ်လို့ ခံယူပြီး ကမ္ဘာကြီးအတွက် ကောင်းတဲ့ အပြောင်းအလဲ ဖြစ်စေမယ်လို့တောင် ယုံကြည်တယ်။
ဟုတ်ပြီ ... ဒါဆို မေးစရာ ရှိလာပါပြီ။ အဲ့ဒီလက္ခဏာတွေ အကုန်လုံးရှိတဲ့ အလုပ်အကိုင်မျိုးက ဘယ်မှာလဲ?
ယနေ့ကမ္ဘာမှာ လူအများစုအတွက် အလုပ်ဆိုတာ ပျင်းစရာကောင်းနေကြပါတယ်။ အရင်းရှင်စနစ် ထွန်းကားလာတဲ့အခါ အလုပ်ကနေရနိုင်တဲ့ (ရုပ်ဝတ္ထုပစ္စည်း မဟုတ်တဲ့) အခြားသော စိတ်ကျေနပ်စရာတွေဟာ နည်းပါးလာပါတယ်။ ပျောက်ကွယ်သွားတာတွေတောင် ရှိပါတယ်။ အခြေခံ လစာဝန်ထမ်းအများစုဟာ လခအတွက်ကိုပဲ ဦးစားပေးပြီး အလုပ်လုပ်နေကြတယ်။ သူတို့တွေဟာ အဓိပ္ပာယ်ပြည့်ဝတဲ့အလုပ်မျိုး၊ စိန်ခေါ်မှုရှိတဲ့အလုပ်မျိုး၊ ကိုယ့်လက်ကိုယ်ခြေ လုပ်ခွင့်ရတဲ့အလုပ်မျိုးတွေ ရှာဖွေခဲ့ကြမှာပါ။ ဒါပေမဲ့ သူတို့ကို လစာအတွက် အလုပ်လုပ်ရမဲ့ လုပ်ငန်းခွင်က အနိုင်ယူသွားပါတယ်။
မိတ်ဆွေအနေနဲ့ကော လက်ရှိလုပ်နေတဲ့အလုပ်က ကိုယ်နဲ့ အဆင်ပြေရဲ့လား (သို့) စိတ်ကျေနပ်ပျော်ရွှင်ရဲ့လား ... အလုပ်က မှန်းချက်နဲ့နှမ်းထွက် ကိုက်မနေဘူးလို့ယူဆရင် ဒီစာအုပ်ဟာ အဲ့မေးခွန်းအတွက် အဖြေဖြစ်လာပါလိမ့်မယ်။
◾ကောင်းမွန်သော လုပ်ငန်းခွင်
◾ထင်ဇော်မှူးသင် (မြန်မာပြန်)

image