6 ပတ် - ဘာသာပြန်ပါ။

တစ်ယောက်တည်းရပ်တည်တဲ့အခါမှာ ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိဖို့ အရမ်းအရေးကြီးပါတယ်။ တိုးတက်နေတဲ့ခေတ်ကြီးမှာ စိတ်ဖိစီးစရာတွေကို လူတိုင်းရင်ဆိုင်ရပြီး တစ်ယောက်တည်းနေမယ့်သူတွေကတော့ မိမိကိုယ်ကိုသာ အားကိုးစရာရှိပါတယ်။
ကိုယ့်အခြေအနေက ရွေးချယ်ရခက်နေတဲ့ အနေအထားကို ရောက်နေခဲ့ရင် အချိန်ကာလတစ်ခု ယူပြီးမှ ဆုံးဖြတ်ဖို့ အကြံပေးပါ့မယ်။ အခြေအနေက ပိုကောင်းလာဦးမလား မျှော်လင့်ချက်နဲ့ မဟုတ်ဘဲ ကိုယ့်အတွက် အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့ သာ အချိန်ယူပါ။ စိတ်ရှည်ခြင်း သည်းခံခြင်းကို အသုံးချပြီး မှ ဆုံးဖြတ်လိုက်ပါ။ ဆုံးဖြတ်ပြီးရင်လည်း နောက်မလှည့်တဲ့လမ်း နောင်တမရှိတဲ့လမ်း ကိုယ်တိုင် ရွေးချယ်ထားတဲ့လမ်းကိုသာ ယုံကြည်ချက်ရှိရှိ အဆုံးထိလျှောက်ပါ ဘဝဆိုတာ ပျော်စရာတွေ မျှော်လင့်ထားရင်း စိတ်ပျက်စရာတွေလည်း အချိန်မရွေး ရောက်လာနိုင်ပါတယ်။
အရာရာကို လွယ်လွယ်ရဖို့သာ မျှော်လင့်ပြီး ကြိုးစားအားထုတ်မှုအပေါ် အယုံအကြည်မရှိသူတွေဘဝက တိုးတက်လမ်း မရှိနိုင်ပါဘူး။ ငါလုပ်ရင်ဖြစ်မှာမဟုတ်ဘူးလို့ အယုံအကြည်မရှိတဲ့အတွက် ကိုယ်ပိုင်စွမ်းအင်လည်း ထွက်မလာပါဘူး။ ကိုယ့်ဘဝအတွက် လုပ်စရာရှိတာလုပ်နေရတဲ့ နေ့ရက်တိုင်းဟာ မျှော်လင့်ချက်အသစ်တွေ ဖြစ်လာဖို့ အခွင့်အရေးရှိနေပါတယ်။ ကိုယ့်ဘဝကို ဘယ်လိုရှင်သန်မလဲပဲ အမြဲစဉ်းစားရင်း စိတ်ဓာတ်တွေမပြိုလဲအောင် တည်ဆောက်ထားရမှာ ဖြစ်ပါတယ်။ သူများကို အားမကိုးဘဲ ရပ်တည်နေနိုင်သ၍ အခွင့်အလမ်းတွေက အမြဲပဲ ကြိုဆိုနေကြပါလိမ့်မယ်။
.
◾ တစ်ကိုယ်တည်းနေခြင်း အနုပညာ
(အမှီအခိုကင်းသော ကိုယ်ပိုင်ဘ၀တစ်ခု တည်ဆောက်ခြင်း)
◾ ကြည်ကြည် - Kyi Kyi

image