6 w - Translate

❝ သစ်ရွက်ကြွေ ❞
_ _
အခုလောက်ဆိုရင်
မင်းဆံပင် ဘယ်လောက်ရှိပြီ။
အခုလောက်ဆိုရင်
မင်းအရပ် ဘယ်လောက်ရှိပြီ။
ငါ့မှာ
ပြင်မရတဲ့ အမှားတစ်ခုနဲ့
အဖျားကူးခဲ့ နေ့လေးတစ်နေ့နဲ့။
အလွမ်းအဆွေးဟာ
မင်းဘဝအတွက် မတိုးတော့တဲ့ ဆေးလား။
လမ်းကလေးဟာ
ငါ့ဘဝအတွက် မဆုံးတော့တဲ့ အတွေးလား။
ဪ ...
မင်း ထားခဲ့တဲ့ တရားဓမ္မပေါ့
တခြားတစ်ယောက်နဲ့ အိုမင်းသွားရလေတယ်
_ _ _ _ _ _
• စိုင်းဝင်းမြင့် •
▪️သူစိမ်း▪️

image