❛ ဘာမှလုပ်စရာမရှိတော့
သူတို့တွေ အရက်ကို ဖိသောက်ခဲ့ကြတယ်။
အမှောင်ထုမှန်းသိလျက်နဲ့ပဲ
ရွေးစရာမရှိလို့ အမှောင်ထုထဲကိုပဲ
ဆက်လျှောက်ခဲ့ကြတယ်။ နောက်တော့
အချိန်ကာလနဲ့ ရက်စက်တဲ့ဘဝက
သူတို့ဆီကနေ လှပတဲ့အရာတွေကို
ခိုးယူစပြုလာခဲ့တယ်။
မှတ်ဉာဏ်တွေအပါအဝင်
သူတို့ ချစ်ရတဲ့သူတွေရောပေါ့ ❜
•လတ်လွန်းဝေဦး •
