16 w - Translate

ကျွန်တော့်ကို မလိုအပ်တော့ဘူးဆိုရင် ...
ဘယ်တတ်နိုင်မလဲဆိုတဲ့ စကားကို သုံးပြီး သူ မလိုအပ်တော့ဘူးဆိုတဲ့ အရှိတရားကို လက်သင့်ခံလိုက်ရုံပေါ့ ။ လက်သင့်မခံလို့လဲ မရဘူးလေ လက်မခံချင်လို့လဲ မရဘူးလေ ... လက်မခံဘူးဆိုလဲ လက်မခံဘူးပဲ ရှိမှာ မလိုအပ်တော့တာ မလိုအပ်တော့တာပါပဲ ပြီးတော့ သူ မလိုချင်တော့တာက မလိုတော့တာပါပဲ ။
အတင်းတွယ်ကပ်ပြီး ရပ်နေလဲ ပိုနေရုံပဲ ရှိမှာ ။ ကွက်လပ်လေးတစ်ခုခုကို ဖြည့်ဖို့လောက်တောင် အရေးပါမနေတော့တဲ့ လူပိုလေ ။ ရှိနေချင်တယ်ဆိုရုံပဲ ရှိနေလို့လဲထူးမနေတော့တဲ့ အရပ်မှာ ကိုယ်က ရပ်နေတယ်ဆိုရုံပဲ ရှိတာပါ ။ ဘာမှ ထူးမလာဘူး ပြီးတော့ ဘာမှ ထပ်ထူးလာဖို့လဲ ရှိမနေတော့ဘူး ။
သူ ... မလိုအပ်တော့ဘူးပေါ့ ... ပြီးတော့ သူ မလိုချင်တော့ဘူးပေါ့ အဲ့ဒီအရာကို လက်သင့်ခံလိုက်ရတဲ့အချိန်မှာ ကျွန်တော်တို့မှာ ပျောက်ကွယ်ပေးလိုက်ရတာလေးတစ်ခုကပဲ အကောင်းဆုံး ရွေးချယ်မှုဖြစ်မှာပါ ။ ပျောက်ကွယ်ပေးလိုက်တယ်ဆိုတာကလေ ရှိမနေချင်တော့ဘူးလို့ ဆိုလိုတာမျိုး မဟုတ်ဘူးနော် ကလေး ။
ရှိနေချင်သေးတယ် ... ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အနှောင့်အယှက်တွေ ပေးနေမိတာထက်စာရင် တိတ်ဆိတ်ပေးနေတာက ပိုအဆင်ပြေမယ်ထင်လို့ပေါ့ ။ ဖုန်းတွေဆက်နေရင် မကိုင်ချင်ပဲ ကိုင်နေရဦးမယ် ။ စာတွေပို့နေရင် မဖတ်ချင်ပဲ ဖတ်နေရဦးမယ် ။ လွမ်းလို့ဆိုတဲ့ စကားတွေ ချစ်လို့ဆိုတဲ့ စကားတွေဟာ အပိုပဲ မဟုတ်လား ။ ရပါတယ် ... မလိုအပ်တော့ဘူးဆိုတဲ့အခါ အားနာမနေပါနဲ့ ကျွန်တော့်ကို မလိုအပ်တော့ဘူးဆိုတဲ့ စကားလေးတစ်ခွန်းပဲ ပြောပါ ။ ကျွန်တော် တိတ်ဆိတ်ပေးမှာပေါ့ ပြီးရင် ကျွန်တော် ပျောက်ကွယ်ပေးလိုက်မှာပေါ့ ။
#ကျေးကို

image