#သာခွေယိုင်လုပ်စားကြရအောင် 😋😋 
ပါဝင်ပစ္စည်းများ 
 ကောက်ညှင်းငချိတ် ဆန်ချိန်ခွက် (၃) 
 ကောက်ညှင်းဖြူ ဆန်ချိန်ခွက် (၁)  
 အုန်းနို့ (၅၀၀) မီလီလီတာ 
 သကြား (သို့) ထန်းလျက် 
 ဆား အနည်းငယ်  
 နို့စိမ်း (၁) ဗူး 
သူငယ်ချင်းနဲ့ဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ် ပိုပြီး စားမယ်ဆိုရင် ပမာဏကိုတိုးပြီး ပြုလုပ်လို့ရပါတယ်နော် 
ပြုလုပ်ပုံအဆင့်ဆင့် 
ကောက်ညှင်းဆန်တွေကို သပ်သပ်စီ ရေစင်စင်ဆေးပါ ပြီးလျှင် (၄) နာရီခန့်စိမ်ထားပါ ။ သပ်သပ်စီချက်ပြီး အအေးခံထားပါ ဒါမှမဟုတ် ပေါင်းလိုက်လျှင်လည်းရပါတယ် 
ပြီးနောက် အိုးထဲကို အုန်းနို့ရည် သကြား ဆား ထည့်ပြီး မီးအေးအေးဖြင့် သကြားတွေ ပျော်သွားတဲ့အထိ တည်ပါ ။ တစ်ဝက်ကို ပန်းကန်သန့်သန့်ဖြင့် ခပ်ထည့်ထားပါ 
ကျန်နေသော အုန်းနို့ရည်ထဲသို့ ကောက်ညှင်းငချိတ် ထည့်မွှေပါ ။ ဆန်စေ့မကွဲတကွဲတိုရပါပြီ 
ပြီးနောက် စားမည့်ပန်းကန်ထဲသို့ လိုသလောက်ခပ်ထည့်ပြီး အုန်းနို့ရည် နို့စိမ်းအနည်းငယ် ဆမ်းပါ  ။ အချိုကြိုက်လျှင် သကြားအနည်းငယ် ထပ်ဖြူးပါ  
ဒါဆိုရင်တော့ အရသာရျှိတဲ့ သာခွေယိုင်ရပါပြီနော်  
မိတ်ဆွေတို့အနေနဲ့ အိမ်မှာနေရင်း သာခွေယိုင် လုပ်စားလို့ရအောင် ပို့စ်ကိုရှဲထားကြပါနော် 
လူကြိုက်များတဲ့ သာခွေယိုင် လုပ်နည်း 
သာခွေယိုင်.. 
၁- ထမင်းပေါင်းအိုးနဲ့ ကောက်ညှင်းငချိပ်(၁)ပြည် 
ရေစင်အောင်ဆေးပီးကောက်ညှင်းအပေါ်က 
ရေလက်၂ဆစ်ရောက်တဲ့အထိရေထည့်ပါ 
သကြား(၂၅)ကျပ်သားရောမွှေပီးညထဲကစိမ်ထားပါ 
၂-မနက်မိုးလင်းတာနဲ့ခလုတ်နှိပ်ပီးချက်ပါ ကျက်သွားရင် 
၃-နို့ဆီ(၃)ဘူး နို့စိမ်း(၃)ဘူးထည့်မွှေလိုက်ရင် 
အရမ်းအရသာရှိပီးစိမ့်နေတဲ့သာခွေယိုင်ရပါပီး 
အချိုလိုသလိုထည့်ပါ အနံမွှေချင်ရင်အုန်းနို့(၁)ထည့်ပါ 
ပြီးရင် စားလို့ရပါပြီ 
လုပ်ရတာ အရမ်းလွယ်ပီးစားကောင်းပါတယ်နော် 
C. R. D