🐷#ဝက်သုံးထပ်သားပြုတ်ချဉ်ငံစပ်သုပ်? 
လုပ်ရလွယ်ကူပြီစားလို့အရမ်းကောင်းလို့သုပ်နည်းလေးဝေမျှပေးလိုက်ပါတယ်ရှင် 🤗 
 🐷ပါဝင်ပစ္စည်းများ 
 - ဝက်သားသုံထပ်သား 300 g 
 - ငရုတ်သီးစိမ်း/ အနီ 15 တောင့် 
 - ကြက်သွန်ဖြူ 5 မွှာ 
 - ကြက်သွန်မြိတ်/ နံနံပင် 1 ပင်စီ 
 - ထညှက်ကျိုရည် ထမင်းစားဇွန်း 3 ဇွန်း 
 - ပဲငံပြာရည်အကြည် 3 ဇွန်း 
 - ငါးငံပြာရည် ထမင်းစားဇွန်း 2ဇွန်း 
 - သံပုရာရည် ထမင်းစားဇွန်း 5 ဇွန်း 
 - အချိုမှုန့် ထမင်းစားဇွန်း 2/3 
🐷သုပ်နည်း 
♦️ဝက်သုံးထပ်သားသုပ်မဲ့လှီးပြီးပြုတ်ထားပါ ကြက်သွန်ဖြူ 2မွှာကိုပါးပါးလှီးထားပါ ကြက်သွန်မြိတ် နံနံပင် တို့ကိုလည်းပါးပါးလှီးထားပါ ငရုတ်သီး10တောင့်ကိုကြက်သွန်ဖြူ 3 မွှာနဲ့ရောပြီးမညှက်တညှက်ထောင်းထားပါ 
♦️ဇလုံထဲကိုထောင်းထားတဲ့ငရုတ်သီးကြက်သွန်ဖြူကိုထည့်ပါ ပဲငံပြာရည်အကြည် ထန်းညှက်ကျို ငါးငံပြာရည် သံပုရာရည် အချိုမှုန့်အားလုံးကိုဇွန်းနဲ့ရောသမမွှေပေးပါ ပြီးရင် ဝက်သုံးထပ်သားထည့်ပါ ကြက်သွန်မြိတ် နံနံပင်ပါထည့်ပြီးအားလုံးကိုနှံ့စပ်အောင်မွှေလိုက်ရင် ဝက်သုံးထပ်သားချဉ်ငံစပ်သုပ် လေးရပါပြီရှင်  
♦️ပန်းကန်ထဲကို လဲထည့်ပြီးရင် ကျန်တဲ့ လှီးထာတဲ့ငရုတ်သီးနဲ့ကြက်သွန်ဖြူကိုအပေါ်ကနေထည့်လိုက်ပါရှင့် သခွားသီး ဂေါ်ဖီထုပ် တို့နဲ့တွဲစားရင်အရမ်းလိုက်ဖက်ပါတယ်ရှင့် 🤗 
Crd