2013 ခုနှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 
ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်တွေ၊ 
epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ 
ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့အမေဆုံးပါးသွားလို 
တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို 
ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ 
လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို 
အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း 
သက်သေပြဖိုကြိုးစားနေတာလည်းဖြစ်ပါတယ်။ 
ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက 
သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | 
ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ 
သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို အညွှန်းတွေများပြီး 
အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ 
မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ 
သူတိုဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ 
ကြည့်ရှုခံစားကြည့်ဖို တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ 
 
Epic (2013) 
 
ဇာတ်ကားလင့် 
https://t.me/c/2186686827/362 
 
Channel Join ရန်လင့် 
https://t.me/+snaCVmemMMBhNDRl