6 ပတ် - ဘာသာပြန်ပါ။

𝗖𝗵𝗮𝗽𝘁𝗲𝗿 𝟯_______𝗢𝘂𝘁𝘀𝗼𝗹𝗱

ပထမမျိုးဆက်က ​သေး​သေး​ကွေး​ကွေး​လေးဆို​ပေမယ့် ဒုတိယမျိုးဆက်မှာ​တော့ american muscle စစ်စစ်ဖြစ်လာပါတယ်။ Hood ပိုရှည်လာမယ်၊ ​နောက်ဖင် fast-back style ကလည်းပိုကားလာမယ် စသဖြင့်​ပေါ့။ ဒုတိယမျိုးဆက် ထွက်ထွက်ချင်းတုန်းက ​ရှေ့ရုပ်​ကို သိပ်အကြိုက်အ​တွေ့ခဲ့ကြပါဘူး။ Ferrari 250GT ​ဒီဇိုင်းအ​ပေါ်အ​ခြေခံပြီး အ​မေရိကန်ဆန်သွား​အောင် ​ဘော်ဒီကို နဲနဲကား၊ wheel base ရှည်​အောင် လုပ်ခဲ့ပါတယ်။ Ferrari နှင့်မတူတာက မျက်လုံးပိုပြူးတယ်ထင်ရတဲ့ ​ရှေ့မီးလုံး​တွေပါ။ ၁၉၇၀ ခုနှစ်က​နေ ၁၉၈၁ ခုနှစ်အထိ တည်​ဆောက်ခဲ့တဲ့ ၁၁ နှစ်တာကာလမှာ facelift က တဖြည်းဖြည်းချွန်သလိုပုံစံရှိလာပြီး Nascar ပြိုင်ကားနဲ့ ပိုတူလာပါတယ်။ ၁၉၇၁ ခုနှစ်ထုတ်၊ Camaro SS 350 ဟာဆိုရင် Road & Track မဂ္ဂဇင်းရဲ့ ကမ္ဘာ့အ​ကောင်းဆုံး ​မော်​တော်ကား ၁၀ စီး စာရင်းမှာ ထည့်သွင်း​ဖော်ပြခံခဲ့ရပါတယ်။ ၁၉၇၁ ဆိုတဲ့အတိုင်း Oil Crisis ပြသနာကလည်း စလာပါပြီ။ ဆီ​စျေး​တွေအဆမတန်တက်၊ ကားထုတ်လုပ်သူတိုင်းကလည်း ဆီစားသက်သာမယ့် ကားအ​သေးစား၊ အင်ဂျင်အ​သေးစား​လေး​တွေသာ ထုတ်လာပြီး Mustang ​ကော Camaro ​​ကော အ​မေရိကန်ကားသိပ်မစစ်ချင်သလိုဖြစ်လာပါတယ်။ ​​

စျေးကွက်ထဲ တစ်​ယောက်ကို တစ်​ယောက်ယှဥ်ဖို့ထက် Oil Crisis ဖြစ်ရပ်ဆိုးကြီးကို​ ​ကျော်ဖြတ်နိုင်ဖို့ဘဲ ပိုအာရုံစိုက်ခဲ့ရ​တော့ performance ​တွေကျလာခဲ့တယ်ဗျ။ Base model နှစ်မျိုးလုံးမှာ 105 hp အများဆုံးသာရှိတဲ့ inline 6 ​လေး​တွေနှင့် 0-60 ​ရောက်ဖို့ ၁၀ စက္ကန့်​ကျော်​ကျော်ဖြစ်​နေ​တော့ ၁၉၇၀-၈၀ ကာလက Mustang၊ Camaro ပြိုင်ဖက်နှစ်​ယောက်လုံးအတွက် ​ခေတ်မ​ကောင်းခဲ့ချိန်​ပေါ့။ ၁၉၇၀ ထုတ် Camaro ​တွေကို ရုပ်ဆိုးတယ်​ပြောကြ​ပေမယ့်လည်း အံ့သြစွာနှင့် ဒုတိယမျိုးဆက်က Mustang ထက် ​ရောင်းအားအစီး​​​​ရေ ၁ ​ထောင်​ကျော်​လောက် သာခဲ့တယ်တဲ့ဗျ။ သိပ်အများကြီးမဟုတ်​ပေမယ့် ​ဆီ​စျေးတက်​နေချိန် ဒီ​လောက်​ရောင်းရတာက ​Chevy ကုမ္ပဏီအတွက် ကျေနပ်စရာ​ရလဒ်ပါ။

image