16 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ ထမ်ဆန်းဂူ–လွယ်ဝိုးတုတ်ကြားလမ်းပိုင်း၌မြေပြိုခြင်းများပြုပြင်ရန် ညပိုင်းဖြတ်သန်းခွင့်ယာယီပိတ်မည်ဟုဆို

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး-လွိုင်လင်ပြည်ထောင်စုလမ်းရှိ နောင်ခါးကျေးရွာ–ထမ်ဆန်းဂူ–လွယ်ဝိုးတုတ်ကြားလမ်းပိုင်း၌ မြေပြိုခြင်းများဖြစ်ပေါ်နေသောကြောင့်လမ်းပြုပြင်ရန် ယနေ့(မေ ၂၀ ရက်မှ ဇွန် ၃ ရက်) အထိ၊ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း လမ်းဖြတ်သန်းခွင့်ယာယီပိတ်ထားမည် ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် တောင်ကြီး−လွိုင်လင်လမ်းပိုင်း၊ ဟိုပုံးနှင့် မိုင်းပွန်ကြား ထမ်းဆမ်းဂူအကျော်တွင် တောင်ပြိုမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းတောင်ပြိုမြေ​များအားရှင်းလင်းရန် တောင်ကြီး-လွိုင်လင်လမ်းပိုင်းကို ညပိုင်းဖြတ်သန်းသွားလာခွင့်ပိတ်ထားမည် ဖြစ်ကြောင်းသိရသည်။

"လမ်းကအခုလည်းသွားလို့မရပါဘူး။ ညပိုင်းမှာအလုပ်တွင်ကျယ်အောင်လို့ နေ့လယ်ပိုင်းမှာသွားခွင့် ပြုထားပြီး ညပိုင်းကိုပိတ်ထားပါတယ်။ ဒီလမ်းကဘယ်ချိန်ပဲသွားသွား လမ်းပိတ်မှုတွေကများတယ်။ မိုးတွင်းဆိုတောင်ပြိုတာတွေဖြစ်တော့ပိုဆိုးတာပေါ့။ ဒါကြောင့်အခုကတည်းကပြင်တော့ ပိုကောင်းပါတယ်" ဟု ဒေသခံယာဉ်မောင်းတစ်ဦးက​ပြောသည်။

လွိုင်လင်−တောင်ကြီးလမ်းပိုင်း၌ ကားပိတ်မှုဖြစ်ပေါ်လျှင် အခြားမြို့ရှောင်ကွင်းလမ်းဖြစ်သည့် ကျောက်တန်း-ပင်လုံဖြတ်လမ်းမှ ယာဉ်ငယ်​များအသုံးပြုသွားလာလျက်ရှိကြောင်း၊ ယာဉ်ကြီးများအနေဖြင့် ယင်းလမ်းအားအသုံးပြုမည်ဆိုပါက အတက်အဆင်းကြမ်းသောကြောင့် သတိပြုသွားလာသင့်ကြောင်း ဒေသခံများက အသိပေးပြောဆိုထားသည်။

သတင်း - ပိုင်လေး

image