ပြီးခဲ့တဲ့နွေရာသီက စတင်တည်ထောင်ခဲ့ပြီး Colossus လိုနာမည်ပေးထားတဲ့ အီလွန်မက်စ်ရဲ့ စက်ရုံကိုပိတ်ပစ်ဖိုအတွက် ပြည်သူတွေက တောင်းဆိုနေ 
********************* 
(နိုင်ငံတကာ) မေလ ၂၀ 
အီလွန်မက်စ်ရဲ့ xAl ဆိုတဲ့ Al ကုမ္ပဏီဟာ Memphis အနောက်တောင်ပိုင်းက စွန့်ပစ်ထားတဲ့ စက်ရုံတခုမှာ ပြီးခဲ့တဲ့နွေရာသီက စတင်တည်ထောင်ထားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ အဆောက်အအုံကို အီလွန်မက်စ်က ကမ္ဘာ့အကြီးဆုံးစူပါကွန်ပျူတာအဖြစ် ဖန်တီးဖို့အတွက် ရည်ရွယ်ခဲ့လည်း ဖြစ်ပါတယ်။ 
 
Colossus လို့ အီလွန်မက်စ်က နာမည်ပေးထားပြီး ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး Al လေ့ကျင့်ရေးစနစ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။ 
 
ဒါပေမယ့်လည်း Boxtown အနီးမှာ နေထိုင်တဲ့ ပြည်သူတွေကတော့ အဆိုပါစက်ရုံကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်နေပြီး ကျန်းမာရေးတွေ ထိခိုက်နေတယ်လို့ ဝေဖန်လာကြပါတယ်။ 
 
အီလွန်မက်စ်ဟာ စက်ရုံမှာ အဆိပ်သင့်ညစ်ညမ်းစေတဲ့ ဓါတ်ငွေ့သုံးတာဘိုင်တွေကို ဒါဇင်နဲ့ချီကာ တပ်ဆင်ခဲ့တယ်လို့လဲ ဆိုထားပါသေးတယ်။ 
 
အခုအခါမှာ အဆုတ်ရောဂါခံစားနေရတဲ့သူတွေက သူတို့ကျန်းမာရေးအတွက် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလို့ ပြစ်တင်ပြောဆိုပြီး စက်ရုံကိုပိတ်ပစ်ဖို့အတွက် တောင်းဆိုနေကြပါတယ်။
