လူဆိုတာ ထိန်းချုပ်နိုင်စွမ်း ရှိရမယ် ။  
လူတွေအားလုံးမှာ ဆန္ဒဆိုတာ ရှိကြတာပဲ ။  
တိရစ္ဆာန်တွေမှာလည်း ဆန္ဒဆိုတာ ရှိတာပဲ ။  
လူ နဲ့ တိရစ္ဆာန်ရဲ့ ကွာခြားမှုက တစ်ခုပဲ ရှိတယ် ။  
အဲဒါက အသိဉာဏ် နဲ့ ထိန်းချုပ်မှုပဲ ။   
ဆန္ဒရှိသလိုသာ လွတ်လပ်စွာ လုပ်ခွင့်ရရင်  
လူတွေဟာ တိရစ္ဆာန်တွေ ဖြစ်ကုန်တော့မှာပေါ့ ။  
လူ့ဘဝရဲ့ အနှစ်သာရကိုက ထိန်းချုပ်ခြင်းပါ ။ 
#မရှိမဖြစ်မိုး #ဂျူး