6 w - Translate

ဆီးဂိမ်းအတွက် နိုင်ငံ့လက်ရွေးစင်ရွေးချယ်ပွဲကျင်းပမည်

(အားကစား) မေ ၂၀
ထိုင်းနိုင်ငံတွင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ဆီးဂိမ်းအတွက် နိုင်ငံ့လက်ရွေးစင်ရွေးချယ်ပွဲကြီး National Esports Championship: Road to SEA Game 2025 ကို မေလတတိယပတ်မှစ၍ စတင်ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲကာလမှာ မေလတတိယပတ်မှ ဇူလိုင်လ တတိယပတ်အထိ နှစ်လခန့်ကြာမြင့်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် လက်ရည်စစ်ပွဲအတွက် မေလတတိယပတ်မှ စတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

National Esports Championship ပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးသော Esports အားကစားပြိုင်ပွဲဖြစ်ပြီး လက်ရည်စစ်ပွဲအဆင့်၊ အုပ်စုပြိုင်ပွဲအဆင့်၊ နောက်ဆုံးအဆင့်ဖိုင်နယ်ပြိုင်ပွဲကြီးဟူ၍ အဆင့်သုံးဆင့်ခွဲကာ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ယခင်ကျင်းပခဲ့သော MESL Pro series Season 2 မှ လေးသင်း၊ လူငယ်လက်သစ်များအတွက် ရည်ရွယ်သော Foundation Qualifier ပြိုင်ပွဲမှ နှစ်သင်းနှင့် လာမည့် NEC Open Qualifier မှ လေးသင်း စုစုပေါင်း ၁၀ သင်း ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

image