6 w - Translate

တရုတ်က နှစ်ပေါင်း ၁၀၀ အထိ အသုံးပြုနိုင်တဲ့ အကြွေစေ့အရွယ် နယူးကလီးယား ဘက်ထရီကို တီထွင်
==========================================================
တရုတ်က နှစ်ပေါင်း ၁၀၀ အထိ အသုံးပြုနိုင်တဲ့ နယူးကလီးယား ဘက်ထရီကို တီထွင်လိုက်ပြီး အရွယ်အစားက အကြွေစေ့လောက်ပဲ ရှိပါတယ်။
Carbon-14 နဲ့ တည်ဆောက်ထားပြီး နယူးကလီးယား ဘက်ထရီဟာ အာကာသစူးစမ်းလေ့လာရေး၊ ကျန်းမာရေး စောင့်ရှောက်တဲ့ကိရိယာနဲ့ နေ့စဉ်သုံး အီလက်ထရောနစ် ကိရိယာတွေအတွက် အလွန် အသုံးဝင်ပါတယ်။
နယူးကလီးယား ဘက်ထရီကို တီထွင်နိုင်တဲ့အတွက် တရုတ်ဟာ အဆင့်မြင့် စွမ်းအင် နည်းပညာမှာ ကမ္ဘာ့ ထိပ်တန်းကို ရောက်လာပြီ ဖြစ်ပါတယ်။
"Nuclear battery" ဆိုတာ နယူးကလီးယားစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်ပေးတဲ့ ဘက်ထရီအမျိုးအစားတစ်ခုပါ။ သမားရိုးကျ ဓာတုဘက်ထရီတွေလို ဓာတုတုံ့ပြန်မှုတွေနဲ့ လျှပ်စစ်ထုတ်လုပ်တာမဟုတ်ဘဲ၊ ရေဒီယိုသတ္တိကြွတဲ့ အိုင်ဆိုတုပ်တွေရဲ့ ပြိုကွဲမှုကနေ ထွက်လာတဲ့ စွမ်းအင်ကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ လျှပ်စစ်အဖြစ် ပြောင်းလဲပေးပါတယ်။
နယူးကလီးယား ဘက်ထရီတွေရဲ့ အားသာချက်ကတော့ သက်တမ်းရှည်ကြာခြင်းနဲ့ တည်ငြိမ်တဲ့ ပါဝါကို အချိန်အတော်ကြာ ထုတ်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေကို အသုံးပြုတဲ့အတွက် ဘေးကင်းလုံခြုံရေးနဲ့ စွန့်ပစ်ခြင်းဆိုင်ရာ စိန်ခေါ်မှုတွေလည်း ရှိပါတယ်။

image