*ကျွန်မပြောတဲ့ကျွန်မအကြောင်း*
🍍🍍🍍🍍🍍🍍🍍🍍🍍
ကျွန်မကဒေါသကြီးတယ်...
ဒါပေမဲ့.... မရက်စက်တတ်ဘူး.........
ကျွန်မကသူများအကြောင်းတွေပြောတယ်......
ဒါပေမဲ့ မကောင်းတဲ့ အကြောင်းမဟုတ်ဘူး.....
ချီးကျူးတဲ့အကြောင်း..........
ကျွန်မက စိတ်ကောက်လွယ်တယ်..........
ဒါပေမဲ့...ခဏတာပါပဲ....
ကျွန်မကခံစားရတာလွယ်တယ်.......
ဒါပေမဲ့... ကိုယ့်ကိုနှစ်သိမ့်နိုင်တယ်......
ကျွန်မကသည်းခံနိုင်တယ်.......
ဒါပေမဲ့... သူ့အတိုင်းအတာနဲ့သည်းခံတာ.....
ကျွန်မကငွေတွေမက်တယ်.........
ဒါပေမဲ့ ကိုယ့်ချွေးနဲ့ရတဲ့ငွေတွေပဲမက်တာ......
ကျွန်မကဉာဏ်မကောင်းဘူး........
ဒါပေမဲ့.. အနည်းနဲ့အများတော့ စာဖတ်တယ်...
ကျွန်မကပညာမတတ်ဘူး.......
ဒါပေမဲ့....... ကိုယ်ချင်းစာစိတ်ရှိတယ်......
ကျွန်မကသူဋ္ဌေးသမီးမဟုတ်ဘူး.........
ဒါပေမဲ့..... စားနိုင်သောက်နိုင်အောင်အလုပ်လုပ်နိုင်တယ်...........
ကျွန်မကမနူးညံ့ဘူး.......
ဒါပေမဲ့...... ကြင်နာတတ်တယ်.....
ကျွန်မကမာနမကြီးဘူး.......
ဒါပေမဲ့..သိက္ခာနဲ့ပတ်သက်တဲ့မာနရှိတယ်......
ကျွန်မကမျက်ရည်ကျတာလွယ်တယ်.....
ဒါပေမဲ့..... ဝမ်းနည်းလို့မဟုတ်ဘူး......
ဒေါသထွက်လို့..........
ကျွန်မကမပြည့်စုံဘူး.......
ဒါပေမဲ့... စိတ်ချမ်းသာအောင်နေနိုင်တယ်.....
ကျွန်မကသူငယ်ချင်းတွေကို
အပေါ်ယံမပေါင်းတတ်ဘူး................
ဒါပေမဲ့......သူတို့မခေါ်တော့ဘူးဆိုရင်
ငါလည်းမခေါ်တော့ဘူး..........
ကျွန်မကအရည်အချင်းမရှိဘူး........
ဒါပေမဲ့........ ကြိုးစားတယ်.........
ကျွန်မကအတိတ်က
အကြောင်းမကောင်ဘူး.......
ဒါပေမဲ့....အနာဂါတ်အတွက်ကောင်းစေရမယ်
ကျွန်မပြောချင်တာတွေဒီလောက်ပါပဲ...........
သင်ကျွန်မအကြောင်းကိုဖတ်တဲ့အတွက်
ကျေးဇူးတင်ပါတယ်..........
လေးစားလျှက်ပါ
#credit
𝐄𝐚𝐢𝐧𝐭'𝐬 𝐁𝐥𝐨𝐠 🤍
#ဘဝစာပေ
