6 w - Translate

လူဆိုတာ ကိုယ်ဘာဖြစ်ချင်လဲ။ ကိုယ့်ဘာသာ ဖန်တီးလုပ်ယူလို့ရတယ်။ အသက်အရွယ်နဲ့လည်း မဆိုင်ဘူး။ ငွေကြေးချမ်းသာမှုနဲ့လည်း မဆိုင်ဘူး။ အချိန်ယူပြီး မိမိလိုချင်တဲ့ဘဝကို ပုံဖော်လို့ရတယ်။
Body လှလှပပ လိုချင်ရင် အစားအသောက်ကို ကယ်လိုရီနဲ့ တွက်ချက်စားပြီး Gym ပုံမှန်သွားပါ။ သုံးလလောက်ဆို သိသာတဲ့အခြေအနေတစ်ခုရောက်နေပြီ။ အင်္ဂလိပ်စာကျွမ်းချင်ရင် နေ့စဉ်လေ့ကျင့်၊ နားထောင်၊ စာအုပ်တွေဖတ်ပါ။ လအနည်းငယ်ဆို တော်တော်ပြောနိုင်လာလိမ့်မယ်။
Beauty Blogger ဖြစ်ချင်ရင် နေ့တိုင်း မိတ်ကပ်လိမ်းလေ့ကျင့်ရင် လပိုင်းဆို ကျွမ်းကျင်သူအဆင့်ဖြစ်လာပြီ။ Chef ဖြစ်ချင်ရင် ဟင်းချက်နည်းတွေ လေ့လာ ချက်ကြည့်ရင်း တဖြည်းဖြည်း ကျွမ်းလာလိမ့်မယ်။
ဘဝမှာ မွေးလာကတည်းက ဘယ်သူမှ ဘာမှ မတတ်ကြဘူး။ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုကို အချိန်ယူပြီး သေချာလေ့လာရင် မကြာခင် ကျွမ်းကျင်သူအဆင့်ရောက်လာလိမ့်မယ်။ လုပ်နိုင်သူတွေကို အားကျနေပြီး မိမိကိုယ်ကို အသုံးမကျသူလို့ မမြင်ဘဲ ကိုယ်ကြိုးစားရင် ဖြစ်နိုင်တယ်လို့ မှတ်ယူထားပါ။ မိမိဘဝအတွက်အကောင်းဆုံး The Best Version of You ကို ဖန်တီးနိုင်မယ့်သူက မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။
Dr. Moe ရဲ့ “အမှောင်ထုရဲ့အဆုံးမှာ အလင်းရောင်ရှိတယ်” စာအုပ်ကနေ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ Self-improvement နဲ့ Happy Mind, Happy Life ဆိုပြီး တိုးတက်အောင်မြင်ရေးနဲ့ စိတ်ခွန်အားဖြည့်စာစုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်မြင်အောင် ဘယ်လိုတည်ဆောက်မလဲ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် ဘယ်လိုလေ့ကျင့်ပျိုးထောင်မလဲ၊ ပြည်ပမှာအလုပ်လုပ်မယ့်သူတွေ လေ့လာမှတ်သားသင့်တာတွေ၊ နေ့စဉ် အကြည်ဓာတ်ရရှိစေမယ့် ဘ၀နေထိုင်မှုပုံစံ စတာတွေနဲ့ပတ်သက်ပြီး စာရေးသူက သူလေ့လာထားတဲ့ အသိပညာတွေ၊ သူ အမေရိကန်နိုင်ငံမှာ နေထိုင်လုပ်ကိုင်တဲ့အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ဝေမျှထားပါတယ်။

image