❝ ဒီနေ့ ကားသမားက
အသည်းကွဲလာပုံရတယ်
လမ်းတွေချော်တယ်
မှတ်တိုင်တွေ မှားရပ်တယ်
ကြေကွဲသံကြီးနဲ့
တောင်းပန်ပါတယ် တောင်းပန်ပါတယ်
ခဏခဏ ပြောနေရတယ်
ဘယ်သူမှလည်း
အပြစ်မပြောကြပါဘူး
ကြည့်ရတာ တစ်ကားလုံးလည်း
အသည်းကွဲလာပုံရတယ် . . . ❞
• မြကျေး •
× × × × × ×
❛ ဆရာမ မြကျေး စာအုပ်များစုစည်းမှု ❜
