တစ်နေ့သ၌
အခြားဖတ်စရာစာအုပ်များလည်း
အဆင်သင့်မရှိသည်နှင့် ဂန္ထလောကမဂ္ဂဇင်း
တစ်အုပ်ကို ကောက်ယူပြီးဖွင့်လိုက်ရာ
အဆင်သင့်ပင် သိန်းနေနွယ် ရေးသော
‘ငါ့လင်နှင့် ငါ့ငွေ’ ဝတ္ထုတိုကို တွေ့ရလေသည်။
အစက မြည်းရုံသာမြည်းမည်ဟူသော
စိတ်ထားနှင့်ဖတ်ရာ အရသာတွေ့သောကြောင့်
မြည်းရုံနှင့်သာ မတင်းတိမ်နိုင်ဘဲ
အဝစားလိုက်မိလေသည်။
• ဦးနု၏ ပထမနိဒါန်း
_ _ _ _ _ _ _
ရေးသောအချိန်ကာလ နှစ်အတိုင်း
ရှေ့နောက်စီစဉ်ထားလိုက်သည်။
လေးနက်သော အကြောင်းအရာ
ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊
နိုင်ငံရေး သမိုင်းအစဉ်ကို ထင်ဟပ်သည်ဖြစ်စေ၊
မထင်ဟပ်သည်ဖြစ်စေ ကျွန်တော် ရေးသားသော
ဝတ္ထုတိုမှန်သမျှ၊ အဆင့်အတန်းမီသည်ဟု
ထင်သမျှ၊ ရှာဖွေရသမျှကို ထည့်လိုက်ပါသည်။
• သိန်းဖေမြင့်၏ နိဒါန်း
