6 w - Translate

စပါးအသင်းဟာ ဖိအားဒဏ်တွေခံစားနေရတဲ့ နည်းပြပိုစတီကိုဂလူးရဲ့နေရာမှာ အစားထိုးဖို့အတွက် အိုင်းယက်စ်အသင်းရဲ့အီတလီလူမျိုးနည်းပြ ဖာရီအိုလီကို စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ နိုက်စ်အသင်းနဲ့ အလန်ယာစပေါ်အသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ ဖာရီအိုလီဟာ အိုင်းယက်စ်အသင်းကို ဒီရာသီအစပိုင်းကမှ စတင်ကိုင်တွယ်ခဲ့ပြီး ဒတ်ချ်အမှတ်ပေးဖလားရယူနိုင်ဖို့ နီးစပ်တဲ့အထိ စွမ်းဆောင်ပေးခဲ့တာပါ။

The Sun က ဖာရီအိုလီဟာ စပါးအသင်းယူရိုပါလိဂ်ဖလားရသည်ဖြစ်စေ/မရသည်ဖြစ်စေ နည်းပြရာထူးအန္တရာယ်ရှိနေတဲ့ နည်းပြပိုစတီကိုဂလူးရဲ့နေရာမှာအစားထိုးဖို့ အသင်းရဲ့နည်းပြပစ်မှတ်တွေထဲက တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဖာရီအိုလီဟာ အိုင်းယက်စ်အသင်းကို ဒီရာသီမှာ ဒတ်ချ်အမှတ်ပေးဖလားမရယူပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့လုပ်ဆောင်ခဲ့တဲ့အလုပ်အတွက် အထင်ကြီးမှုတွေရရှိနေတာပါ။

image