OLED Display ၊ Snapdragon X Processor နဲ့ဆိုတော့ မဆိုးဘူးပဲ 👀
.
HP ကနေ အခု Mainstream ဘက်ကို ဦးတည်တဲ့ OmniBook 5 Series Laptop အသစ် (၂) မျိုးကို Computex မှာ အသစ်မိတ်ဆက်လိုက်ပါတယ်။ ဒါကတော့ OmniBook 5 14 နဲ့ OmniBook 5 16 Laptop တွေပါ။
ဒီ OmniBook 5 Series Laptop တွေက နာမည်အတိုင်း 14" Screen Size နဲ့ 16" Screen Size ၂ မျိုးဖြစ်မယ်၊ စျေးနှုန်းအရ OmniBook 5 14 က $799 နဲ့ OmniBook 5 16 က $849 နဲ့ စရောင်းသွားမယ်။
အခု HP OmniBook 5 Series Laptop တွေက ထူးခြားချက်က Processor ပိုင်းကို Snapdragon X (သို့) X Plus Processor တွေပဲ သုံးလာတာပါ။ ဒီလိုမျိုး Snapdragon X Processor တွေ သုံးလိုက်တဲ့အတွက် Battery Life သိသိသာသာကို ပိုကောင်းမယ် - HP ဘက်က ပြောတာဆိုရင် အမြင့်ဆုံး ၃၄ နာရီအထိ အားပြန်သွင်းစရာမလိုပဲ Video Playback သုံးလို့ရမယ်ဆိုပဲ။ အဲ့အပြင် Power ကြိုးဖြုတ်ထားလည်း Performance Drop တာမျိုးရှိမှာမဟုတ်ဘူး။
နောက်ပြီး သဘောကျဖို့ကောင်းတာက HP OmniBook 5 Series Laptop တွေက Display ပိုင်းမှာ OLED Display တွေဖြစ်သွားပြီ၊ Resolution အနေနဲ့ FHD+ အပြင် 2K အထိပါ ရွေးလို့ရမယ့်ပုံပဲ။
တခြားက Snapdragon X Processor ကို သုံးထားတော့ 45 TOPS NPU ပါလာမယ်၊ Copilot+ PC AI Feature တွေကိုလည်း အကုန်သုံးလို့ရမယ်။
ဒီ Laptop တွေက ပြန်အားသွင်းရင်လည်း 65W Power Adapter နဲ့ 0-50% ကို မိနစ် ၃၀ လောက်နဲ့ ပြန်အားသွင်းလို့ရမယ်၊ FHD IR Webcam တွေ၊ USB-C Port ၂ ခု ၊ 3.5mm Audio နဲ့ LAN Port တွေပါထည့်ပေးထားတယ်။ Laptop ကိုလည်း Recycled Aluminum နဲ့ Ocean-bound Plastic Material တွေကိုပေါင်းပြီး Lightweight Aluminum Design လုပ်ပေးထားတယ်။
ဘာပဲဖြစ်ဖြစ် မြန်မာကို ဝင်မဝင် မသိရသေးပေမယ့် Global မှာတော့ ဇွန်လထဲမှာ စရောင်းသွားမယ်။ $799 ဝန်းကျင်မှာ ဒီလို Snapdragon X နဲ့ OLED Display ပါတဲ့ Laptop တွေ ရွေးစရာပိုများလာပြီ 👀
