7 ပတ် - ဘာသာပြန်ပါ။

မိုဆာလာ “ကျွန်တော့်အထင်တော့ အလက်ဇန္ဒားအာနိုးလ်က ပရိတ်သတ်တွေဆီကနေ Booo လုပ်ပြီး လှောင်ခံရဖို့ ထိုက်တန်တာမဟုတ်ဘူး။ သူဟာ ပရိတ်သတ်တွေရဲ့ အကောင်းဆုံးနှုတ်ဆက်ပေးမှုနဲ့ ထိုက်တန်တာပါ။ ဘာကြောင့်ဆို ဒီအသင်းအတွက် အကုန်ပေးဆပ်ခဲ့တာလေ။”
မိုဆာလာရဲ့ အမြင်ဟာ အတော်လေးကို မှန်ကန်မျှတပါတယ်။ ဒါပေမယ့် ကိုယ်တွေရဲ့ ငယ်မွေးခြံပေါက် ကစားသမားက ကြီးမားတဲ့ပြိုင်ဘက်ဆီကို ပြောင်းသွားတယ်ဆိုတော့ ကြိုးကြာနီပရိတ်သတ်တွေအဖို့ လက်သင့်ခံရဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
ပရိတ်သတ်တွေအနေနဲ့ အာနိုးလ်ကို သိပ်ကိုချစ်ခဲ့ကြတာကို ထူးပြောနေစရာမလိုပါဘူး။ အားနိုးလ် အတွက် အချစ်ဟာကြီးခဲ့လေတော့ ပရိတ်သတ်တွေအတွက် လက်ခံရလည်း အတော်ခက်နေမှာပါ။

image