1 w - Translate

YBS ၆၁ ယာဥ်မှ ဘရိတ်ပေါက်ကာ ယာဥ်တိုက်မှုဖြစ်ပွား
**********************
(မှုခင်း) မေလ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတားအဆင်း၌ YBS ၆၁ ယာဥ်မှ ဘရိတ်ပေါက်ကာ ဆိုင်ကယ်စီးလာသူနှစ်ဦးအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီ ၄၀ မိနစ်အချိန်ခန့်က အောင်ဇေယျတံတား၊ အင်းစိန်ဘက်အဆင်းတွင် YBS ၆၁ ယာဉ်လိုင်းယာဉ်အမှတ်,1N=3871 သည် ကမ်းနားမှတ်တိုင်အဝင်တွင် ဘရိတ်ပေါက်ပြီး၊ နောက်ပြန်လိမ့်ဆင်းလာကာ ဆိုင်ကယ်စီးလာသူနှစ်ဦးနှင့် စက်ဘီးစီးလာသူ တစ်ဦးအား ဝင်ရောက်တိုက်မိခဲ့ပြီး အနောက်ဘက်မှ မောင်းနှင်လာသော KANTAR အမျိုးအစားမော်တော်ယာဥ်အား ထပ်မံ ဝင်ရောက်တိုက်မိခဲ့ရာ ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးနှင့် စက်ဘီးစီးလာသူ တစ်ဦးတို့မှာ အပြင်းအထန်ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ဒဏ်ရာရရှိသူများအား လူမှုရေးအသင်းယာဥ်ဖြင့် အင်းစိန်ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ကြောင်းနှင့် ​သက်ဆိုင်ရာမှ ယာဥ်တိုက်မှုဖြစ်စဥ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

image
image
image