6 ပတ် - ဘာသာပြန်ပါ။

ယခင်ကြွေးကျန်ကင်းရှင်းမှ ချေးငွေအသစ် ထုတ်ချေးပေးမည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အသိပေး
ရန်ကုန်၊ မေ ၁၉
တောင်သူလယ်သမားတွေအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်စေ့ ချေးငွေပြေကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးကြေညာပါတယ်။
၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေကို ယခင်ချေးငွေ အရင်း၊ အတိုး ပြေကျေစွာ ပေးဆပ်ပြီးတဲ့ တောင်သူတွေထံ မိုးရာသီစိုက်ပျိုးချိန်အမီ မေလ ၁၉ ရက်နေ့မှ စတင်ထုတ်ချေးပေးနေတယ်လို့ ဆိုပါတယ်။
အရင်နှစ်တွေအတိုင်းပဲ တစ်နှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ သက်ဆိုင်ရာမြို့နယ်နဲ့ ခရိုင်ဘဏ်ခွဲတွေကတစ်ဆင့် ထုတ်ချေးပေးနေပြီလို့ ကြေညာချက်အရ သိရပါတယ်။
ဒါ့ကြောင့် ယခင်ချေးငွေတွေ ပြေကျေစွာ ပေးဆပ်ပြီးတဲ့ တောင်သူတွေအနေနဲ့ ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေ အချိန်မီ ရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲတွေနဲ့ အမြန်ဆုံး ဆက်သွယ်ကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
စီမံ/ဘဏ္ဍာဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးက တောင်သူလယ်သမားတွေထံ စိုက်ပျိုးစရိတ်ချေးငွေတွေကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပါတယ်။
ချေးငွေရယူလိုတဲ့ တောင်သူများအနေနဲ့ စပါးသီးနှံတစ်ဧကကို ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံဖြစ်ပါက တစ်ဧကကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ ချေးယူနိုင်ပြီး ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း (၅) ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ သိရပါတယ်။

image
image
image
image