မနက်စာကို #နန်းကြီးသုပ် လေးနဲ့ဆိုတော့ ပိုကောင်းတာပေါ့😋😋
ပါဝင်ပစ္စည်း
-နန်းကြီးဖတ်
-ကြက်သား
- ငံပြာရည်
-ကြက်သားမှုန့်၊
-ဆနွင်း၊
-ငရုတ်သီးအရောင်တင်မှုန့်
-ကြက်သွန်ဖြူ
-ကြက်သွန်နီ၊
-ဆီ
-အရသာမှုန့်
-ပဲကျက်မှုန့်
-ငရုတ်သီးကျက်မှုန့်
-နံနံပင်
-သံပုရာသီး
-ဘဲဥ(ကြက်ဥ)ပြုတ်/ပဲကြော်
ကြက်သား ကို အတုံးသေးသေးလေးတွေတုံးပြီး ဆား အရသာမှုန့်၊ ဆနွင်းတို့ဖြင့် အရသာဝင်အောင်နယ်ထားပါ။
ကြက်သွန်ဖြူ၊ကြက်သွန်နီတို့ကိုကြိတ်ထားပါ။
-ပထမဆုံးဈေးကဝယ်လာတဲ့နန်းကြီးဖတ်တွေကိုရေနွေးပွက်ပွက်ဆူထဲ ထည့်ပြီး ခနပြုတ်ပေးပါ
ပြီးလျှင်ဇကာနဲ့စစ်ပြီးရေအေးနဲ့သေချာပြန်ဆေးထားပေးပါ
-ဒယ်အိုးထဲတွင်ဆီပူအောင်တည်ပါ။
ဆီပူလာလျှင် ကြိတ်ထားသော ကြက်သွန်ဖြူ/နီကို ဆနွင်းမှုန့်လေးနဲနဲထည့်ပြီး မွှေးလာသည်အထိ ဆီသပ်ပါ ။
ဆီသပ်ထားတဲ့အနံ့မွှေးလာလျှင် ငရုတ်သီးအရောင်တင်မှုန့် ထည့်၍ ဆီသပ်ပါ။
ထိုနောက်အရသာနယ်ထား‌‌ေသာကြက်သား နှင့် ရေ အနည်းငယ် ထည့်ပြီးကြက်သားလေးတွေဆီပြန်လာတဲ့အထိချက်ပေးပါ ပြီးရင်အအေးခံထားပေးပါ
-ကြက်သားဆီသပ်တာ ရရင်တော့ နန်းကြီးသုပ် စတင်သုပ်လို့ရပါပြီ
-ပန်းကန်းတစ်ခုထဲ အအေးခံထားတဲ့နန်းကြီးဖတ် ပဲကျက်မှုန့်
ငံပြာရည် အရသာမှူန့် ဆီသပ်ထားသောကြက်သား၊ လှီးထားတဲ့ကြက်သွန်နီ နံနံပင် သံပုရာသီးတို့ကို ထည့်ပြီး သမအောင် ရောမွှေပေးပါ။
ပြီးရင်တော့ မိမိနှစ်သက်ရာကြက်ဥပြုတ် ပဲကြော် ဟင်းချိုတို့နဲ့စိတ်ကြိုက်စားသုံးလို့ရပါပြီ

image