7 ပတ် - ဘာသာပြန်ပါ။

ငယ်ငယ်တုန်းကပေါ့
မတော်တဲ့ ဖိနပ်တွေ စီးပြီး
မရောက်သေးတဲ့ အချိန်တွေ
တွေးရင်း လူကြီးဖြစ်ချင်ခဲ့တယ်။

အဲ့အချိန်တွေက
ကောင်းကင်ကြီးလဲ ပိုပြီး လှတယ်
ကြယ်တွေကလဲ ပိုပြီး လင်းတယ်
လေပြေတွေလဲ ပိုပြီး အေးတယ်
နေခြည်တွေလဲ ပိုပြီး နွေးတယ်။

ဘာမှလဲ မသိဘူး
သိစရာလဲ မလိုတဲ့ အချိန်တွေ ပြန်လွမ်းတယ်။

•ရိုးရီ•

image