6 w - Translate

ဒီတစ်ခါတော့ Performance ကောင်းလောက်ပြီ 👀
.
Xiaomi ကနေ မကြာခင်မှာ ကိုယ်ပိုင် XRING O1 Chip ကို မိတ်ဆက်သွားမှာဖြစ်ပြီး Xiaomi 15S Pro က ပထမဆုံး XRING O1 Chip နဲ့ ဖုန်းဖြစ်လာမှာပါ။ ဒါ့အပြင် Xiaomi Civi 5 Pro ၊​ Xiaomi YU7 EV နဲ့ တခြား Ecosystem Product အသစ်တွေကိုလည်း တစ်ခါတည်း မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
ဘယ်အချိန်မိတ်ဆက်မလဲဆိုတာကိုတော့ Xiaomi ဘက်က မကြေညာသေးပေမယ့် အခုဆို Xiaomi ရဲ့ ကိုယ်ပိုင် XRING O1 Chip ရဲ့ စွမ်းဆောင်ရည်ကို သိရှိလာရပြီဖြစ်ပါတယ်။
အခုထွက်ပေါ်လာတဲ့ Geekbench Benchmark အရ Xiaomi XRIN O1 Chipset ဟာ Single-Core မှာ 2700 ဝန်းကျင်၊ Multi-Core ပိုင်းမှာ 8100 ဝန်းကျင်ရရှိထားပါတယ်။​
ဒါကြောင့် Xiaomi XRING O1 Chip ဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Qualcomm Snapdragon 8 Gen 3 Chipset ထက် စွမ်းဆောင်ရည်ပိုသာနေမှာဖြစ်ပါတယ်။
Xiaomi XRING 01 Chip ဟာ 10-Core CPU အမျိုးအစားဖြစ်ပြီး 2× 3.90GHz Cortex-X925 | 4× 3.40GHz Cortex-A725 | 2× 1.89GHz Cortex-A725 | 2× 1.80GHz Cortex-A520 Core တွေပါဝင်မှာဖြစ်ပါတယ်။​ GPU ပိုင်းမှာ သတင်းထွက်ထားသလို Immortalis-G925 MC16 (1.795GHz) GPU ကို အသုံးပြုထားပါတယ်။ အဆိုပါ XRING O1 Chip ဟာ TSMC ရဲ့ 3nm Architecture နဲ့ထုတ်ထားတဲ့ Chip အမျိုးအစားဖြစ်တယ်လို့လည်း သတင်းထွက်နေပါတယ်။
ဆိုတော့ ဒီလောက် Performance Level ဆိုရင် Xiaomi 15S Pro ကို စောင့်ကြည့်ရတော့မလားပဲ 👀

image